လှေစီးပြေးသူ ၂၀၂ ဦးကို မလေးရှား အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်း

0
182

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေလို့ ယူဆရတဲ့ လူ ၂၀၂ ဦးပါ လှေတစ်စီးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှား အာဏာပိုင်တွေက ဧပြီလ ၅ ရက်နေ့မှာ ပြောပါတယ်။

မလေးရှားကျွန်းဆွယ် အနောက်ဘက် နာမည်ကျော် အပန်းဖြေကျွန်းဖြစ်တဲ့ လန်ကာဝီကျွန်းကနေ ရေမိုင် တစ်မိုင်ခန့်အကွာမှာ မျောနေတဲ့ ဒီလှေကို မလေးရှား ရေတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။ လှေပေါ်မှာ အမျိုးသား ၁၅၂ ဦး၊ အမျိုးသမီး ၄၅ ဦးနဲ့ ကလေး ၅ ဦး ပါဝင်ပါတယ်။ သူတို့ကို ကမ်းခြေစောင့်တပ် အခြေစိုက် ကေဒက်မှာ ထိန်းသိမ်းထားပါတယ်။

နိုင်ငံအတွင်း တရားမဝင် ခိုးဝင်မှုနဲ့ သူတို့ကို လူဝင်မှု ကြီးကြပ်ရေးထံ လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ မလေးရှား ရေတပ်က ပြောပါတယ်။ လှေစီးပြေးလာသူတွေကို လူကုန်ကူးလာသူ သုံးဦး ပင်လယ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒုက္ခသည်တွေက ပြောတဲ့အတွက် အဲဒီ ကိစ္စကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)