ချောင်းဆုံ တံတားအမည် ပြန်သုံးသပ်ဖို့နဲ့ နောက်တွဲကိစ္စ အစိုးရ တာဝန်ယူဖို့ USDP ဦးဆောင် ပြော

0
265

သံလွင်တံတား (ချောင်းဆုံ) ပြည်သူ့လွှတ်တော် ဆုံးဖြတ်ချက်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးမယ့် ကိစ္စကို ပြန်လည် သုံးသပ်ဖို့နဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် လူမျိုးရေး မုန်းတီးမှု၊ နာကျည်းမှုတွေကို လက်ရှိ အစိုးရက တာဝန်ယူရမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဦးဆောင်ပြီး ပြောဆိုလိုက်ပါတယ်။

USDP က ဦးဆောင်တဲ့ နိုင်ငံရေးပါတီ ၁၄ ခုရဲ့ ပူးတွဲ သဘောထား ကြေညာချက်မှာ ၂၀၁၇ ဧပြီလ ၉ ရက်နေ့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်ချက်အတိုင်း တံတားအမည်ပြောင်းလဲတာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက်အကူ မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

ဒေသခံတွေက တံတားအမည်ကို ကန့်ကွက် ဆန္ဒပြမှုလည်း နှစ်ကြိမ် ပြုလုပ်ပြီး ဖြစ်ပါတယ်။
ပူးတွဲကြေညာချက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စတာတွေ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)