အစိုးရ အကူးအပြောင်းမှာ ပုဂ္ဂလိကကို လွှဲပေးထားတဲ့ မန္တလေးက မြေတွေကို ပြန်သိမ်းမယ်

0
288

အစိုးရ အကူအပြောင်း ကာလအတွင်း မန္တလေးမြို့မှာ တန်ဖိုးကြီးတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ မြေတွေကို ပုဂ္ဂလိက တစ်ဦးတစ်ယောက် အမည်ပေါက်ဂရန်နဲ့ လွှဲပေးထားခဲ့တာတွေကို ပြန်လည် သိမ်းယူပြီး ငွေပြန်အမ်းမှာ ဖြစ်တယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမျာ ဖော်ပြထားပါတယ်။

လွှတ်တော်မှာ မေးမြန်းမှုတွေ ရှိခဲ့တာကြောင့် မြေယာချထားပေးမှုတွေကို စုံစမ်းစစ်ဆေးရေး အဖွဲ့ သုံးဖွဲ့ ဖွဲ့ကာ စစ်ဆေးချက်အရ ဒီလို အလွဲသုံးစား လုပ်ထားမှုတွေ တွေ့ရှိရတာ ဖြစ်ပါတယ်။

လူ လေးဦးကို မြေ ၇၁ ကွက်၊ လူ ခုနှစ်ဦးကို မြေ ၁၆ ကွက်၊ လူ ၇၆ ဦးကို မြေ ၇၈ ကွက်၊ အဖွဲ့အစည်းနဲ့ ပါတီ ၁၅ ခုကို မြေ ၁၅ ကွက် ချထားပေးထားတာကို တွေ့ခဲ့ပါတယ်။ အဲဒီလို ချပေးတာမှာ အစိုးရ ခွင့်ပြုမိန့်မပါဘဲ စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးအရသာ ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ဂရန်အမှုတွဲတွေကို ဂျီပီရယူပြီး လုပ်ဆောင်တဲ့သူ ကိုယ်တိုင်ကလည်း မြေကွက်တွေ ရယူထားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)