ကမ္ဘာပေါ်ရှိ လူဆယ်ဦးမှာ တစ်ဦးနှုန်း ဆေးလိပ်ကြောင့် အသက်ဆုံးရှုံးနေ

0
318

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လူဆယ်ဦးသေဆုံးမှုမှာ တစ်ဦးဟာ ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်နေတယ်လို့ လေ့လာချက် အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

အဆိုပါသေဆုံးသူ ဆေးလိပ်သမားတွေရဲ့ ထက်ဝက်ခန့်ဟာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ကပဲ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ဆေးရွက်ကြီး ထိန်းချုပ်မှု မူဝါဒတွေချမှတ်ခဲ့ပေမယ့် ဆေးလိပ်သောက်သုံးသူ အရေအတွက် မြင့်တက်လာနေတာကို တွေ့ရတယ်လို့ အဆိုပါလေ့လာချက်က သတိပေးထားပါတယ်။

ဆေးရွက်ကြီးကုမ္ပဏီတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဈေးကွက်အသစ်အနေနဲ့ ပစ်မှတ်ထားပြီး တွန်းတွန်းတိုက်တိုက် ထိုးဖောက်ဖို့ ကြိုးစားလာခဲ့မယ်ဆိုရင် ဆေးလိပ်ကြောင့် သေဆုံးမှုအရေအတွက် ပိုမြင့်တက်လာနိုင်ကြောင်း သုတေသီတွေက ပြောကြားခဲ့ပါ တယ်။ အဆိုပါလေ့လာချက်အသစ်ကို ဆေးပညာဂျာနယ် The Lancet မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးမှုနဲ့ မသန်မစွမ်းဖြစ်မှုတွေဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ဆေးလိပ်က ဒုတိယအများဆုံး လက်သည်ဖြစ်နေပါတယ်။ ဒါကြောင့် ဆေးရွက်ကြီးကို ပိုပြီးထိန်းချုပ်ဖို့ လိုအပ်နေပါတယ်။ ဆေးလိပ်ကြောင့်နောက်ဆက်တွဲဖြစ်တာတွေကို လျော့ချနိုင်အောင် လုပ်ကြရမှာပါ” လို့ ဒေါက်တာ အီမန်နျူရယ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှတ်တမ်းအရ လူတစ်ဘီလျံခန့် နေ့စဉ်ဆေးလိပ်သောက်နေခဲ့ပြီး အမျိုးသား လေးဦးမှာ တစ်ဦး၊ အမျိုးသမီး ၂၀ ဦးမှာ တစ်ဦးနူန်းနဲ့ သောက်သုံးနေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)