ပင်လယ်ပြင် ငါးဖမ်းထွက်တဲ့ ရေလုပ်သား ၃ ဦး မိုးကြိုးပစ်ခံရ

0
287

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရတောင်ကျေးရွာမှာ ဧပြီလ ၅ ရက်နေ့က ပင်လယ်ပြင်ကို ငါးဖမ်းထွက်တဲ့ ရေလုပ်သား ၃ ဦး မိုးကြိုးပစ်ခံရလို့ တစ်ဦး သေဆုံးပြီး တစ်ဦးကတော့ မြစ်အတွင်း ပျောက်ဆုံးလျက်ရှိပါတယ်။

မိုးကြိုးပစ်ခံရခြင်း ကြောင့် ငါးဖမ်းစက်လှေပေါ်က ရေလုပ်သားသုံးဦးအနက် ဦးမြင့်ဌေး ဆိုသူကတော့ မိုးကြိုးစက်ကွင်း မိပြီး သေဆုံးခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဖြိုးဝေကတော့ မြစ်အတွင်း ပျောက်ဆုံးနေပြီး ကျန်တစ်ဦးဖြစ်တဲ့ စန်းညိုကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြစ်အတွင်း ပျောက်ဆုံးနေတဲ့ ဖြိုးဝေကို လက်ရှိမှာ လိုက်လံရှာဖွေနေကြောင်း ကျွန်းစုမြို့မ ရဲစခန်းက ပြောပါတယ်။
ဇော်ဇော် (မြိတ်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)