ပြည် နည်းပညာတက္ကသိုလ်က ကျောင်းဆရာမ တစ်ဦး အသတ်ခံရ

0
266

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ဧပြီလ ၅ ရက်နေ့က နည်းပညာတက္ကသိုလ်က ကျောင်းဆရာမတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ဆရာမကို သတ်ခဲ့တဲ့ အမျိုးသမီးဟာ ဇနီးဟောင်းဖြစ်ပါတယ်။ အသတ်ခံရတဲ့ ဆရာမကတော့ လက်ရှိပေါင်းသင်းနေတဲ့ ဇနီးပါ။
ဧပြီလ ၅ ရက်နေ့က ဇနီးဟောင်းက ဆရာမနေအိမ်ကို သွားရောက်တွေ့ဆုံစဉ်မှာ စကားများပြီး သံတူနဲ့ ထုသတ်ခဲ့တာဖြစ်ပါတယ်။

ဇနီးဟောင်းက သေဆုံးခဲ့တဲ့ အလောင်းကို မွေ့ယာနဲ့ ထုပ်ပိုးပြီး အလောင်းဖျောက်ဖို့ ရန်ကုန်ကို ထွက်လာစဉ်မှာ ယာဉ်မောင်းက မင်္သကာတာနဲ့ ပြည်မြို့မ ရဲစခန်းကို သတင်းပေးရာကနေ ဖမ်းဆီးရမိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အလောင်းဖျောက်ဖို့ ကြိုးစားသူ အမျိုးသမီးကို လူသတ်အလောင်းဖျောက်ရန် ကြိုးစားမှု ရာဇသတ်ကြီးပုဒ်မ နဲ့ ပြည်မြို့မရဲခန်းမှ အရေးယူထားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)