သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံ ခရီးစဉ် စတင်

0
280

တရုတ်နိုင်ငံမှာ ခြောက်ရက်ကြာမယ့် နိုင်ငံတော် ခရီးစဉ်အဖြစ် သမ္မတ ဦးထင်ကျော်ဟာ ဒီနေ့ မတ်လ ၆ ရက်နေ့ မနက်မှာ နေပြည်တော်ကနေ ဘေဂျင်းကို ထွက်ခွာသွားပါတယ်။

ဒီခရီးစဉ်ဟာ နှစ်ဘက် အပြန်အလှန် နားလည်မှု တိုးမြင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနဲ့ တရုတ်နဲ့ မြန်မာ နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စတွေအတွက် ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ ဆွေးနွေးဖွယ် ရှိပါတယ်။

မနှစ်က သြဂုတ်လမှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘေဂျင်းကို အလည်အပတ် သွားရောက်ခဲ့ပါသေးတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အများဆုံး ဖြစ်ပြီး ၂၆ ဒသမ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)