မူးယစ်ဆေး သုံးစွဲမှု တိုးမြင့်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး အဖွဲ့ ၅၀ အထိ တိုးချဲ့ခဲ့

0
290

မူးယစ်ဆေးဝါး သုံးစွဲမှု လူငယ်အတွင်းမှာ ပျံ့နှံ့မြင့်မားလာတဲ့အတွက် နည်းလမ်းမျိုးစုံနဲ့ တားဆီး နှိမ်နင်းရေးတွေကို တိုးမြှင့်ဆောင်ရွက်တဲ့အနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့ကို ၂၆ ဖွဲ့ကနေ ၅၀ အထိ တိုးချဲ့ခဲ့ပါတယ်။

မူးယစ်ဆေးဝါး အန္တရာယ်ဟာ သင်္ကြန်ကာလသာမက အချိန်တိုင်းမှာ ရှိကြောင်းနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ၂၀၁၃ မှာ ဖွဲ့စည်းခဲ့တယ်လို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တားဆီး နှိမ်နင်းရေးဌာန ဌာနမှူး ရဲမှူးကြီး ရွှေညာမောင်က ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

၂၀၁၆ ခုနှစ် သင်္ကြန်ကာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၄ မှု၊ တရားခံပေါင်း ၁၃၀ ဦး ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)