မောင်တောမှာ အင်တာနက် အဆင်ပြေစေဖို့ တာဝါတိုင် သုံးခု တိုးချဲ့

0
277

ရခိုင်ပြည်နယ် မောင်တောမြို့မှာ GSM တာဝါတိုင် တစ်ခုသာ ရှိခဲ့ပြီး မိုဘိုင်းဖုန်း သုံးစွဲသူ များလာတဲ့အတွက် အင်တာနက် သုံးစွဲရာမှာ အဆင်ပြေစေဖို့ တာဝါတိုင် သုံးခု တိုးချဲ့ တည်ဆောက်နေပါတယ်။

မောင်နီကျေးရွာ၊ ရွှေစားကျေးရွာနဲ့ မြို့မ အရှေ့ရပ်ကွက်တွေမှာ GSM တာဝါတိုင်တွေ တိုးချဲ့တည်ဆောက်တာ ဖြစ်ပြီး မေလမှာ အပြီးသတ်မှာ ဖြစ်ပါတယ်။

တာဝါတိုင် တစ်ခုတည်း ရှိတဲ့အတွက် အင်တာနက် မမိတာ၊ လိုင်းမကောင်းတာတွေ ရှိနေပါတယ်။ ရခိုင်ပြည်မှာ စစ်တွေပြီးရင် ဘူးသီးတောင်နဲ့ မောင်တောက အင်တာနက်အသုံးပြုမှု အများဆုံး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)