အဓမ္မ ပြုကျင့်ခံရတယ်လို့ ကျားခေါင်းတောင် ကျေးရွာက အမျိုးသမီး သုံးဦး အမှုဖွင့် တိုင်ကြား

0
291

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ကျားခေါင်းတောင် ကျေးရွာနေ အမျိုးသမီး သုံးဦးက သူတို့ကို လွန်ခဲ့တဲ့ သုံးလခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ငါးခူရ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

မဖာတေမာခါတူနဲ့ မဇော်မီလာခါတူ တို့က မတ်လ ၃၀ ရက်နေ့က၊ မမော်ရီယာခါတူက မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက အသီးသီး အမှုလာဖွင့်ကြတာ ဖြစ်ပြီး ငါးခူရရဲစခန်းက စစ်ဆေးဖော်ထုတ်ဖို့ စီမံဆောင်ရွက်နေပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေ အတွင်း မတ် ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ သတင်းမီဒီယာသမား ၁၈ ဦး သတင်းရယူခဲ့ကြပါတယ်။ အဲဒီ ခရီးစဉ်အတွင်း အမျိုးသမီး သုံးဦးက အဓမ္မပြုကျင့်ခံရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရပါတယ်လို့ ကိုယ်တိုင် ထွက်ဆိုခဲ့တဲ့အတွက် ဥပဒေကြောင်းအရ သေချာ လုပ်ဆောင် ပေးသွားမယ်လို့ မောင်တောခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်က မတ်လ ၃၁ ရက်က အစိုးရသတင်းစာနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

သူတို့အနေနဲ့ ဘယ်နေ့ ဘယ်ရက်မှာ ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြနိုင်ရင် အဲဒီနေ့မှာ အဲဒီဒေသမှာ တာဝန်ကျတဲ့သူတွေရဲ့ မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပြီး ဘယ်သူဆိုတာ ဖော်ထုတ်နိုင်မယ်လို့ ဦးရဲထွဋ်က ပြောခဲ့ပါတယ်။

ပြောင်ပိုက်နဲ့ ကြက်ရိုးပြင်ရွာတွေမှာလည်း အဲဒီလို အဓမ္မပြုကျင့်ကြောင်း ပြောဆိုသူတွေ ရှိပေမယ့် စုံစမ်းစစ်ဆေးဖို့ သွားရောက်ချိန်မှာ ထုတ်ဖော် ပြောဆိုသူ အမျိုးသမီးတွေက ရွာကနေ ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။

မောင်တောမှာ မွတ်စလင်တွေကို သတ်တယ်၊ အဓမ္မပြုကျင့်တယ်ဆိုပြီး မကြာခဏ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပြီး အခု အမှုဖွင့်တာက ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)