ထီးချိုင့်မြို့နယ်မှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
248

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာမှာ မနေ့က ဧပြီလ ၅ ရက်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပါတယ်။

မြတောင်ရဲကင်းမှူး ရဲအုပ်ဇော်ဝင်းမောင် ဦးဆောင်တဲ့အဖွဲ့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ အတူ မြတောင်ကျေးရွာနေ အားကူရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ နေအိမ်အနောက်ဘက် အုန်းပင်နဲ့ အုန်းလက်ကြားမှာ ၀ှက်ထားတဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့တာ ပါ။

ဆက်လက်ပြီး နေအိမ်ကို စစ်ဆေးခဲ့ရာ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ သက်သေခံ ဆက်စပ်ပစ္စည်းများကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။

ထီးချိုင့်မြို့မရဲစခန်းက အားကူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ နဲ့ အမှုဖွင့် အရေးယူထားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)