ဖခင်အရင်းက သားနဲ့ သမီးကို ဓားနဲ့ခုတ်သတ်

0
364

နေပြည်တော် လယ်ဝေးမြို့နယ်၊ ချောင်းခွအုပ်စု၊ နနွန်းကျင်းကျေးရွာမှာ ဖခင်အရင်းက သားနဲ့သမီးကို ဓားနဲ့ခုတ်သတ်ပြီး မိမိကိုယ်ကို ဓားနဲ့ထိုးသတ်ရန် ကြိုးစားမှု တစ်ခု မနေ့က ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ ပါတယ်။

မှတ်ကြီး(ခ) ထွန်းဝင်းဆိုသူက သူ့ရဲ့သားနဲ့သမီးကို ဓားနဲ့ခုတ်သတ်ခဲ့ပြီး သူ့ကိုယ်သူလည်း ဓားနဲ့ပြန်ထိုးခဲ့ပါတယ်။ သားဖြစ်သူ မောင်ပြည့်ပြည့် (၆)နှစ်မှာတော့ ယာပါးပြင် ပြတ်ရှဒဏ်ရာ၊ မေးစေ့ ပြတ်ရှ ဒဏ်ရာ၊ ၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ များနဲ့ သမီးဖြစ်သူ မမြင့်မြင့်မိုး (၄)နှစ်မှာတော့ လည်ပင်းနဲ့ ဇက်ပိုး တွေမှာ ပြတ်ရှဒဏ်ရာများရရှိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

သူ့ကိုယ်သူ ဓားနဲ့ ပြန်ထိုးခဲ့တဲ့ ဖအေဖြစ်သူ မှတ်ကြီး(ခ) ထွန်းဝင်းကတော့ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဇက်ပိုးမှာ ပြတ်ရှဒဏ်ရာ (၃)ချက်နဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒီဖြစ်စဉ်အတွက် သစ်ပုတ်ပင်နယ်မြေရဲစခန်းက မှတ်ကြီး(ခ) ထွန်းဝင်းကို (ပ)၃၄/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၀၉ အရ အမှုအဖွင့်အရေးယူထားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)