မီးလောင်ရာမှာ ချေးငွေ သိန်း ၃၀၀ ကျော် ပါသွားတယ်ဆိုသူ ဘဏ္ဍာရေးမှူးကို ဖမ်းဆီး

0
510

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ငါးမြစ်ချင်းကျေးရွာ နေအိမ်မီးလောင်ရာမှာ အစိုးရပိုင် မြစိမ်းရောင် ကျေးရွာ ရန်ပုံငွေ ၃၂၄ သိန်း ပါသွားတယ်လို့ ပြောတဲ့ ဘဏ္ဍာရေးမှူးကို မသင်္ကာတဲ့အတွက် ဖမ်းဆီးထားပါတယ်။

မနေ့က ဧပြီလ ၅ ရက်နေ့ ညပိုင်းမှာ ငါးမြစ်ချင်း ကျေးရွာ မြစိမ်းရောင် ကော်မတီ ဘဏ္ဍာရေးမှူး ဦးကျော်လွင်ဦး (၃၄ နှစ်) ရဲ့ နေအိမ် မီးဖိုခန်း မီးကြွင်းမီးကျန်က တစ်ဆင့် မီးလောင်ကျွမ်းခဲ့လို့ ကော်မတီငွေ ၃၂၄ သိန်း ပါသွားကြောင်း ပြောဆိုတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ သက်သေတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။

မီးလောင်ပြင်ရှိ သံသေတ္တာ အတွင်းမှာ မီးကျွမ်းထားတဲ့ စာရွက်စာတမ်းတွေနဲ့ ကျန်ရှိနေတဲ့ ငွေစက္ကူတွေကို ရေတွက် ကြည့်ရာမှာ ၇ သိန်း ၂ သောင်း ၅ ထောင်သာ တွေ့ရပါတယ်။

မြန်မာ့ စီးပွားရေးဘဏ်ကနေ ဧပြီလ ၃ ရက်နေ့တုန်းက ထုတ်သွားတုန်း ငွေစက္ကူအရေအတွက်နဲ့ တိုက်စစ်တဲ့အခါမှာ ကွာဟနေတာကြောင့် နိုင်ငံတော်ငွေကြေးကို အလွဲသုံးစားပြုပြီး နေအိမ်ကို မီးလောင်ကျွမ်းအောင် ပြုလုပ်တယ်လို့ သံသယရှိတဲ့အတွက် မြို့နယ်ကျေးလက် ဦးစီးမှူး ဦးစိုးနိုင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်လိုက်ပါတယ်။

ကညွတ်ကွင်း ရဲစခန်းက ဦးကျော်လွင်ဦးကို ဖမ်းဆီးပြီးစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)