နိုင်ငံပိုင်သတင်းစာကို ခေတ်နဲ့အညီထုပ်လုပ်လာမယ်ဆိုရင် အရည်အချင်းရှိတဲ့ သတင်းစာအဖြစ် ပေါ်ပေါက်လာမယ်လို့

0
333

နိုင်ငံပိုင်သတင်းစာများ ယခင်အစိုးရလက်ထက်က ထုပ်လုပ်တဲ့ ပုံစံမျိုး မဟုတ်တော့ပဲ ဒီမိုကရေစီ ကျင့်စဉ်များနဲ့ အတူ ပြည်သူကိုမျက်နှာမူပြီး လွတ်လပ်စွာနဲ့ အစိုးရသစ်က ထုပ်ဝေလာခဲ့ပါတယ်။

အစိုးရသစ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ကြီးအသစ်ဖြစ်တဲ့ ဒေါက်တာဖေမြင့်က အများပြည်သူကို အသိပေးတဲ့ သတင်းစားမျိုးအဖြစ်လုပ်ဆောင်ရမှာဖြစ်ပြီး ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားနဲ့အညီ အပြောင်းအလဲများကိုလည်း လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြင်ပကလောင်ရှင်များရဲ့ဆောင်းပါးများ၊သတင်းအချက်အလက်များ၊ပြည်သူများရဲ့ထင်မြင်ယူစချက်များကို အလေးထားရမှာဖြစ်ပြီး အများကဝေဖန်ချက်ထောက်ပြချက်တွေကိုတင်ပြပေးခြင်းနဲ့အတူ ပြည်သူများကြားမှာနိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အသိအမြင်များကြွယ်ဝစေဖို့လိုကြောင်းပြီးခဲ့တဲ့ ဧပြီလ၅ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကိုပြောကြားပါတယ်။
အစိုးရသစ်အနေနဲ့ စတင်ထုတ်ဝေဖြန့်ချိလာတဲ့ နိုင်ငံပိုင်သတင်းစာများရဲ့ အခင်းအကျင်းနဲ့ပတ်သက်ပြီး သတင်းစာဆရာကြီး ဦးစိန်မျိုးမြင့်က ပြောကြားရာမှာ သတင်းစာပုံစံပြောင်းသွားတာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး သတင်းများကိုလည် တိကျမြန်ဆန်ပြီး ထုပ်လုပ်နိုင်ဖို့လိုကြောင်း၊လက်ရှိလုပ်ကိုင်နေတဲ့ သတင်းစာဆရာများဟာ အရင်အစိုးနဲ့အတူ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတွေဖြစ်တဲ့ အတွက်ခေါက်ရိုးကျိုးနေတဲ့ အလေ့အကျင့်များကို ပြုပြင်ရမှာဖြစ်ကြောင်း၊အစိုးရသစ်အနေနဲ့ ခေတ်နဲ့ညီင်္တဲ့ သတင်းများကိုကြိုးစားပြီး ထုတ်လုပ်နိုင်မယ်ဆိုရင် အရည်အချင်းပြည့်ဝတဲ့ သတင်းစာတစ်ဆောင်ပေါ်ပေါက်လာမှာဖြစ်တယ်လို့ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)