အစိုးရသစ်ရဲ့သက်တမ်းနုသေးတဲ့ အတွက် ဝေဖန်ပြစ်တင်မှုတွေ မလုပ်သင့်ဘူးလို့ ၈၈ငြိမ်း/ပွင့်က ဦးမြအေးကဆို

0
354

ဧပြီလ၁-ရက်နေကစတင်ပြီး အရပ်သားအစိုးရတာဝန်ယူလိုက်ပြီးတဲ့နောက်မှာ ရက်ပေါင်းတစ်ရာအတွင်း တိုင်းပြည်အတွက် အခြေခံပြောင်းလဲမှုတွေကို လုပ်ဆောင်မယ်လို့ဆိုပါတယ်။

အဲဒီလိုပြောကြားချက်အပေါ်မှာ စိုးရိမ်မှုတွေနဲ့အတူ ဝေဖန်တဲ့ အသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။နှစ်ပေါင်းငါးဆယ်ကျော် ခြောက်ဆယ်နီးပါး အာဏာရှင်လက်အောက်မှာရှိခဲ့ရတဲ့ မြန်မာပြည်သူရဲ့ ဘဝတွေဟာလည်း ဆိုးရွားစွာ နိမ့်ကျခဲ့တဲ့အပြင် တိုင်းပြည်ရဲ့ သယံဇာတများနဲ့ သဘာဝပတ်ဝန်ကျင်တွေဟာလည်း ဆုံးရှုံးပျက်ဆီခဲ့ရပါတယ်။ ဆိုးဝါးတဲ့ မြန်မာပြည်ရဲ့အခြေအနေကို အစိုးရသစ်အနေနဲ့ အတပ်နိုင်ဆုံးပြုပြင်ပြောင်းလဲပြီး တိုင်းပြည်တိုး တက်အောင် အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတသစ်ကပြောကြားလိုက်တာနဲ့အတူ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏အတိုင်မင်ခံပုဂိုလ်ဆိုင်ရာ ဥပဒေကို အတည်ပြုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်လိုက်တဲ့ အပေါ်မှာ တပ်မတော်ကိုယ်စားလှယ်များက ကန့်ကွက်ပြီးလွှတ်တော်မှာ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ ဆန်ကျင့်တဲ့ လုပ်ရပ်အချို့ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။အဲဒါအပြင် အစိုးရသစ်ရဲ့ ရက်ပေါင်း၁၀၀ ဆိုတဲ့ ပြုပြင်ပြောင်းလဲမှုများနဲ့ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်အချို့ အပေါ်မှာလည်း နိုင်ငံရေး အကဲခတ်များနဲ့ အခြားပါတီအချို့က လည်းဝေဖန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။
အခုလိုဝေဖန်လာတဲ့ ဝေဖန်မှုတွေကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးက အစိုးရသစ်အနေနဲ့ တာဝန်ယူရတဲ့ ကာလဟာ ရက်ပိုင်းသာ ရှိသေးတဲ့ အတွက် ဝေဖန်မှုတွေကို မပြုလုပ်သင့်ဘူးလို့ပြောပါတယ်။လွှတ်တော်အတွင်းမှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်ဟာလည်း လွှတ်တော်စီးကမ်းနဲ့ မကိုက်ညီဘူးလို့ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)