နောက်နှစ်သင်္ကြန်ပွဲတော်ကို အားလုံးမျှော်လင့်သလိုဖြစ်အောင်ကြိုးစားဆောင်ရွက်မယ်လို့ ဦးဖြိုးမင်းသိန်းပြော

0
301

ဒီနှစ်သင်္ကြန်ပွဲတော်မှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေရှိခဲ့ပေမယ့် နောက်နှစ် သင်္ကြန်ပွဲတော်တွေကိုတော့ အားလုံးမျှော်လင့်သလိုဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ ဧပြီလ ၄ ရက်နေ့က ဂီတအနုပညာရှင်တွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။ ဒီလို ပြောကြားခဲ့တဲ့အပေါ် အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်မှာ အခုလို ပြောကြားထားပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၅) ရက် အင်္ဂါနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)