အမေရိကန်ပြည်ထောင်စု Tennessee မြို့မှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး လူ ၅ ဦးသေဆုံး

0
295

အမေရိကန်ပြည်ထောင်စု Tennessee မြို့မှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့ပါတယ်။ Tennesse မြို့အရှေ့ပိုင်း Smoky တောင်မှာ ရှုခင်းကြည့် ရဟတ်ယာဉ်တစ်စီး ပျက်ကျမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦးသေဆုံးခဲ့တာပါ။ အဲဒီရဟတ်ယာဉ်ဟာ ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီ ခွဲဝန်းကျင်ခန့်မှာ ပျက်ကျခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ ရဟတ်ယဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက်တွေကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိဘူးလို့ ဆိုပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၅) ရက် အင်္ဂါနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)