အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ မဟာမိတ်စည်းကို ကျယ်ကျယ်ဖွင့်ထားဖို့ လိုအပ်

0
274

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ မဟာမိတ်စည်းကို ကျယ်ကျယ်ဖွင့်ထားဖို့ လိုအပ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ဧပြီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ဗဟိုဦးဆောင်ကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို အဲ့ဒီလို အကြံပြု တိုက်တွန်းပြောကြားလိုက်တာပါ။ ဒါ့အပြင် မတရား ဖမ်းဆီးခံထားကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လည်လွတ်မြောက် လာစေရေး၊ အရင်အစိုးရ အဆက်ဆက်ကြောင့် နိုင်ငံတကာကို ရောက်ရှိနေကြတဲ့ အင်အားစုတွေ ပြည်တွင်းကို ပြန်လာခွင့် ရရှိရေးနဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့ ငြိမ်းချမ်းရေးတံခါး ပွင့်သွားစေရေးတွေအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို အမြန်ဆုံး ကြေညာပေးဖို့ အကြံပြုတိုက်ထွန်းထားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၅) ရက် အင်္ဂါနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)