ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ခန့်အပ်တာဝန်ပေး

0
248

သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဝင်းထိန်ကို အဖွဲ့ဝင်အဖြစ် ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ ဦးဝင်းထိန်အပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းကို ဒုတိယဥက္ကဋ္ဌ(၂)၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ဦးညီထွန်းနဲ့ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းတို့ကို အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်လိုက်တာပါ။ မတ်လ (၁)ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဒီကော်မရှင်ကနေ အဖွဲ့ဝင် (၄)ဦး မတ်လ (၃၀)ရက်နေ့က နုတ်ထွက်သွားတာကြောင့် အခုလို ထည့်သွင်း ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၅) ရက် အင်္ဂါနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)