ရန်ကုန်မှာ သင်္ကြန်အလှမောင် နဲ့ အလှမယ် ပြိုင်ပွဲ ကျင်းပမယ် (ရုပ်/သံ)

0
892



Soundbites-Chocolate




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့ရိုးရာ သင်္ကြန်နဲ့ပက်သက်ပြီး အသိပညာပေးမှုတွေပါဝင်မယ့် သင်္ကြန်အလှမောင်နဲ့အလှမယ် ပြိုင်ပွဲကြီးကို ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCNသတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဟာ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေနဲ့ တိမ်ကောလာတာဖြစ်တဲ့အတွက် သင်္ကြန်နဲ့ပက်သက်ပြီး အသိပညာပေးမှုတွေပြုလုပ်သွားဖို့ရှိနေပါတယ် ။ အဲ့ဒီအတွက် ရန်ကုန်မြို့မှာ သင်္ကြန်အလှမောင်နဲ့အလှမယ် ပြိုင်ပွဲကြီးကို Lucky Chocolate Model Agencyက ဦးဆောင်ပြီးကျင်းပသွားဖို့ရှိနေတာပါ ။

Soundbites-Chocolate
မော်ဒယ်နှင့်သရုပ်ဆောင်

ဒီပွဲကိုပါဝင်ယှဉ်ပြိုင်လိုတဲ့ လူငယ်တွေအနေနဲ့ လာမယ့်မတ်လ၁၆ရက်နေ့ နောက်ဆုံးထား လျောက်လွှာတင်ရမှာဖြစ်ပြီး ဒီပွဲမှာ သရုပ်ဆောင်ဘေဘီမောင်က ဒိုင်လူကြီးအဖြစ်ပါဝင်သွားဖို့ ရှိနေတာပါ။

Soundbites-ဘေဘီမောင် (ရုပ်ရှင်သရုပ်ဆောင်)

ဒီပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် သူတွေကို မတ်လ၁၇ရက်နေ့မှာ လူတွေ့စစ်ဆေးမှာဖြစ်ပြီး သင်္ကြန်နဲ့ ပက်သက်တဲ့ မေးခွန်းတွေနဲ့ ဝတ်စားဆင်ယင် ပြောဆိုပြောမူပုံတွေကို အမှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်တွေရဲ့ဓါတ်ပုံတွေကို အွန်လိုင်း Votingစနစ်နဲ့ ရွေးချယ်သွားမှာဖြစ်ပြီး Grand Final ကိုတော့ မတ်လ၂၈ ရက်နေ့ လှည်းတန်းစင်တာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)