စီေဒါစာခ်ဳပ္ အပိုဒ္၂၉ ကုိခ်ြင္းခ်က္မထားဘဲ လက္မွတ္ေရးထုိးဖို႔ေတာင္းဆို (႐ုပ္/သံ)

0
918

စီေဒါစာခ်ဳပ္ပါ အပိုဒ္၂၉ ကုိ ခ်ြင္းခ်က္မထားဘဲ လက္မွတ္ေရးထုိးနုိင္ဖို႔ ျမန္မာအစုိးရကုိ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီရဲ႕ အမ်ဳိးသမီးလုပ္ငန္းေကာ္မတီက ေတာင္းဆုိလိုက္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ကေပးပုိ႔ထားပါတယ္ ။

ေ၀းလံေခါင္ဖ်ားတဲ့ တုိင္းရင္းသားေဒသေတြက စစ္ေဘးသင့္အမ်ဳိးသမီးေတြ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ လိင္ပုိင္း ဆုိင္ရာ အဓမၼက်င့္ခံခဲ့ရတဲ့အမ်ဳိးသမီးေတြအပါအ၀င္ လူကုန္ကူးခံရတဲ့အမ်ဳိးသမီးေတြ အမ်ားအျပား ရွိေနေသးတာပါ။

ဒီလိုျပသာနာေတြကုိ ေျဖရွင္းေဆာင္ရြက္နုိင္ဖို႔ ႏွစ္ေပါင္း ၂၀ေက်ာ္ၾကာ လက္မွတ္ေရးထုိးခဲ့တဲ့ စီေဒါပါအခ်က္ အလက္ေတြကို ျမန္မာအစုိးရအေနနဲ႔ တိတိက်က်လိုက္နာေဆာင္ရြက္နုိင္ဖို႔အျပင္ လက္မွတ္ေရးထုိးနုိင္ျခင္း မရွိေသးတဲ့ စီေဒါပါ အပုိဒ္၂၉ အခ်က္ကိုလည္း လက္မွတ္ေရးထုိးႏုိင္ဖို႔ လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီ အမ်ဳိးသမီး လုပ္ငန္းေကာ္မတီက ေတာင္းဆုိလိုက္ပါတယ္ ။

မတ္လ ၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီရုံးခ်ဳပ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလုိေျပာဆုိခဲ့တာပါ။

Sound Bite – ေဒၚသက္ဇြန္လင္းထင္ ( ဆက္သြယ္ေရးတာ၀န္ခံ) အမ်ဳိးသမီးလုပ္ငန္းေကာ္မတီ (လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီ)

ဒါ့အျပင္ အမ်ဳးိသမီးလုပ္ငန္းေကာ္မတီကေန ၿမိဳ႔နယ္(၆)ၿမိဳ႕နယ္ျဖစ္တဲ့ ေရႀကည္ၿမိဳ႕နယ္၊ တံတားဦးၿမိဳ႕နယ္၊ ျပည္ၿမိဳ႕နယ္၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ျမင္းၿခံၿမိဳ႕နယ္၊ ရန္ကုန္တုိင္းေဒသႀကီးက အမ်ဳိးသမီးေတြ သိသင့္သိထုိက္တဲ့ စီေဒါပါအခ်က္အလက္ေတြကိုိ လက္ကမ္းစာေစာင္ေတြနဲ႔ ျဖန္႔ေ၀ခဲ့ပါတယ္။ ဆက္လက္ၿပီး နုိင္ငံရဲ႕လူဦးေရထက္၀က္ေက်ာ္ဟာ အမ်ဳးိသမီးေတြျဖစ္ေနေပမယ့္ လက္ေတြ႔မွာေတာ့ နုိင္ငံေရးအရ ဆုံးျဖတ္ခ်က္ေတြမွာ ပါ၀င္ခြင့္မရွိသလုိ စီးပြားေရး လူမႈေရးကိစၥရပ္ေတြမွာ ပါ၀င္နုိင္မႈမရွိေသးပါဘူး ။

Sound Bite – ေဒၚႏွင္းႏွင္းေမႊး( အေထြေထြအတြင္းေရးမွဴး)အမ်ဳိးသမီးလုပ္ငန္းေကာ္မတီ (လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီ)

လူေဘာင္သစ္ဒီမိုကရက္တစ္ပါတီရဲ႕ အမ်ိဳးသမီးလုပ္ငန္းေကာ္မတီကုိ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္းက ဖြဲ႔စည္းခဲ့တာျဖစ္ၿပီး အဲဒီကေနမွ တဆင့္အမ်ိဳးသမီးေရးရာကိစၥရပ္ေတြကို ေျဖရွင္းေဆာင္ရြက္နုိင္ဖို႔ သက္ဆုိင္ရာက႑အလိုက္ အမ်ဳးိသမီး အေရးလႈပ္ရွားေဆာင္ရြက္သူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီဒေါစာချုပ်ပါ အပိုဒ်၂၉ ကို ချွင်းချက်မထားဘဲ လက်မှတ်ရေးထိုးနိုင်ဖို့ မြန်မာအစိုးရကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အမျိုးသမီးလုပ်ငန်းကော်မတီက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်ကပေးပို့ထားပါတယ် ။

ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသတွေက စစ်ဘေးသင့်အမျိုးသမီးတွေ အကြောင်းအမျိုးမျိုးနဲ့ လိင်ပိုင်း ဆိုင်ရာ အဓမ္မကျင့်ခံခဲ့ရတဲ့အမျိုးသမီးတွေအပါအဝင် လူကုန်ကူးခံရတဲ့အမျိုးသမီးတွေ အများအပြား ရှိနေသေးတာပါ။

ဒီလိုပြသာနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ နှစ်ပေါင်း ၂၀ကျော်ကြာ လက်မှတ်ရေးထိုးခဲ့တဲ့ စီဒေါပါအချက် အလက်တွေကို မြန်မာအစိုးရအနေနဲ့ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ဖို့အပြင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ စီဒေါပါ အပိုဒ်၂၉ အချက်ကိုလည်း လက်မှတ်ရေးထိုးနိုင်ဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီး လုပ်ငန်းကော်မတီက တောင်းဆိုလိုက်ပါတယ် ။

မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။

Sound Bite – ဒေါ်သက်ဇွန်လင်းထင် ( ဆက်သွယ်ရေးတာဝန်ခံ) အမျိုးသမီးလုပ်ငန်းကော်မတီ (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ဒါ့အပြင် အမျုးိသမီးလုပ်ငန်းကော်မတီကနေ မြို့နယ်(၆)မြို့နယ်ဖြစ်တဲ့ ရေကြည်မြို့နယ်၊ တံတားဦးမြို့နယ်၊ ပြည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မြင်းခြံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက အမျိုးသမီးတွေ သိသင့်သိထိုက်တဲ့ စီဒေါပါအချက်အလက်တွေကိို လက်ကမ်းစာစောင်တွေနဲ့ ဖြန့်ဝေခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံရဲ့လူဦးရေထက်ဝက်ကျော်ဟာ အမျုးိသမီးတွေဖြစ်နေပေမယ့် လက်တွေ့မှာတော့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်မရှိသလို စီးပွားရေး လူမှုရေးကိစ္စရပ်တွေမှာ ပါဝင်နိုင်မှုမရှိသေးပါဘူး ။

Sound Bite – ဒေါ်နှင်းနှင်းမွှေး( အထွေထွေအတွင်းရေးမှူး)အမျိုးသမီးလုပ်ငန်းကော်မတီ (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အမျိုးသမီးလုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီကနေမှ တဆင့်အမျိုးသမီးရေးရာကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် အမျုးိသမီး အရေးလှုပ်ရှားဆောင်ရွက်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)