ေငြေဆာင္ကမ္းေျခ သိမ္းဆည္းေျမေတြကို ညိႇႏိႈင္းေစ်းနဲ႔ ေလ်ာ္ေၾကးေပးမယ္

0
1116

စစ္အစိုးရလက္ထက္မွာ ဦးပိုင္က သိမ္းဆည္းၿပီး ဟိုတယ္လုပ္ငန္းရွင္ေတြက လႊဲေျပာင္းယူကာ ဟိုတယ္ အလံုး ၂၀ ဖြင့္လွစ္ထားတဲ့ ေျမဧက ၃၀၀ ေက်ာ္နဲ႔ ပတ္သက္လို႔ နစ္နာသူ ေဒသခံေတြကို ဧရာဝတီတိုင္းအစိုးရရဲ႕ ညွိႏိႈင္းဆုံးျဖတ္ခ်က္နဲ႔ ေျမယာ ေလ်ာ္ေၾကး ေပးေဆာင္မွာ ျဖစ္ပါတယ္။

“ဒီေျမေတြဟာ စသိမ္းစဥ္ကတည္းက ေျမသိမ္းမိန္႔နဲ႔ တရားဝင္ ေလ်ာ္ေၾကးေပးေဆာင္ထားတာ မဟုတ္တဲ့အတြက္ ေဒသခံေတြရဲ႕ တင္ျပေတာင္းဆိုမႈကို အျမန္ဆံုး ေျဖရွင္းေပးဖို႔ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္က အစည္းအေဝးမွာ ညႊန္ၾကားခဲ႔တာပါ” လို႔ ဧရာဝတီတိုင္း အစိုးရအဖြဲ႔က စည္ပင္သာယာေရးဝန္ႀကီး ဦးေက်ာ္ျမင့္က မတ္လ ၆ ရက္ေန႔မွာ ျပဳလုပ္တဲ့ အစည္းအေဝးအၿပီး ေျပာတာ ျဖစ္ပါတယ္။

အသိမ္းဆည္းခံ အုန္းၿခံပိုင္ရွင္ ဦးထြန္းလြင္က “က်ြန္ေတာ္တို႔ဆီကေန ေျမယာ ေလ်ာ္ေၾကး တစ္စံုတစ္ရာ မေပးဘဲ ၁၈ ႏွစ္ၾကာ သိမ္းဆည္းထားတာေၾကာင့္ တစ္ခ်ိဳ႕မိသားစုေတြ ဘဝပ်က္တဲ့အထိ ခံစားခဲ႔ရတယ္။ ေဒသခံ ပိုင္ရွင္ ၂၄၈ ဦးစလံုးက ဦးေဆာင္သူ ၁၇ ဦး ေရြးခ်ယ္ထားတဲ႔အေပၚ ေခါင္းေဆာင္ေတြရဲ႕ ဆံုးျဖတ္ခ်က္အတိုင္း လိုက္နာသြားဖို႔ ရွိပါတယ္” လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ေဒသခံ ၂၄၈ ဦးရဲ႕ တရားဝင္ စာတင္ျပ တိုင္ၾကားမႈေၾကာင့္ ဧရာဝတီတိုင္း အစိုးရအဖြဲ႔က ေျမယာ အျငင္းပြားေနတဲ့ ဟိုတယ္ေျမကြက္ေတြမွာ အေဆာက္အဦးအသစ္ေတြ မေဆာက္လုပ္ဖို႔ စာထုတ္ တားျမစ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေဆောင်ကမ်းခြေ သိမ်းဆည်းမြေတွေကို ညှိနှိုင်းဈေးနဲ့ လျော်ကြေးပေးမယ်

စစ်အစိုးရလက်ထက်မှာ ဦးပိုင်က သိမ်းဆည်းပြီး ဟိုတယ်လုပ်ငန်းရှင်တွေက လွှဲပြောင်းယူကာ ဟိုတယ် အလုံး ၂၀ ဖွင့်လှစ်ထားတဲ့ မြေဧက ၃၀ဝ ကျော်နဲ့ ပတ်သက်လို့ နစ်နာသူ ဒေသခံတွေကို ဧရာဝတီတိုင်းအစိုးရရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်နဲ့ မြေယာ လျော်ကြေး ပေးဆောင်မှာ ဖြစ်ပါတယ်။

“ဒီမြေတွေဟာ စသိမ်းစဉ်ကတည်းက မြေသိမ်းမိန့်နဲ့ တရားဝင် လျော်ကြေးပေးဆောင်ထားတာ မဟုတ်တဲ့အတွက် ဒေသခံတွေရဲ့ တင်ပြတောင်းဆိုမှုကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အစည်းအဝေးမှာ ညွှန်ကြားခဲ့တာပါ” လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မတ်လ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီး ပြောတာ ဖြစ်ပါတယ်။

အသိမ်းဆည်းခံ အုန်းခြံပိုင်ရှင် ဦးထွန်းလွင်က “ကျွန်တော်တို့ဆီကနေ မြေယာ လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၈ နှစ်ကြာ သိမ်းဆည်းထားတာကြောင့် တစ်ချို့မိသားစုတွေ ဘဝပျက်တဲ့အထိ ခံစားခဲ့ရတယ်။ ဒေသခံ ပိုင်ရှင် ၂၄၈ ဦးစလုံးက ဦးဆောင်သူ ၁၇ ဦး ရွေးချယ်ထားတဲ့အပေါ် ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံ ၂၄၈ ဦးရဲ့ တရားဝင် စာတင်ပြ တိုင်ကြားမှုကြောင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့က မြေယာ အငြင်းပွားနေတဲ့ ဟိုတယ်မြေကွက်တွေမှာ အဆောက်အဦးအသစ်တွေ မဆောက်လုပ်ဖို့ စာထုတ် တားမြစ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)