အနညး္ဆံုးအခေၾကးေငြကို အလုပ္သမားအဖြဲ႔ေတြ ကန္႔ကြက္မယ္ (႐ုပ္/သံ)

0
863

အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္အျဖစ္ အနည္းဆံုး အခေၾကးေငြသတ္မွတ္ေရးဆုိင္ရာ အမ်ိဳးသားေကာ္မတီက သတ္မွတ္တဲ့အေပၚ အလုပ္သမားအဖြဲ႕ေတြက ကန္႔ကြက္ဖို႔ ရွိေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

မတ္လ ၅ ရက္ေန႔က တစ္ႏိုင္ငံလံုးတစ္ေျပးညီ အနည္းဆံုး အခေၾကးေငြကို ၄၈၀၀ က်ပ္အျဖစ္ အနည္းဆံုး အခေၾကးေငြသတ္မွတ္ေရးဆုိင္ရာ အမ်ိဳးသားေကာ္မတီက အတည္ျပဳ သတ္မွတ္လိုက္ပါတယ္။

အဲဒီသတ္မွတ္ခ်က္ကို အလုပ္သမားအဖြဲ႕အစည္း ၁၃ ဖြဲ႕ ပူးေပါင္းဖြဲ႕စည္းထားတဲ့ အနည္းဆုံးလုပ္ခႏွင့္ အလုပ္သမားအခြင့္အေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီက ကန္႔ကြက္ထားၿပီး မတ္လ ၁၄ ရက္ေန႔မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးသြားဖို႔ရွိေနပါတယ္။

Soundbite – ဦးနႏၵာစစ္ေအာင္ (ဒါရိုက္တာ) We Generation Network

အနည္းဆုံးအခေၾကးေငြ အဆိုျပဳႏႈန္းထားအေပၚ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က အတည္ျပဳသတ္မွတ္လိုက္တဲ့ ၄၈၀၀ က်ပ္အေပၚ ကန္႔ကြက္ဖို႔မရွိေပမယ့္ အလုပ္သမားေတြအေပၚ ေပးထားတဲ့ ရက္မွန္ေၾကးနဲ႔ ကၽြမ္းက်င္ေၾကးေတြ မျဖတ္ဖို႔ အစိုးရကို တိုက္တြန္းထားပါတယ္။

Soundbite – ေဒၚခိုင္ဇာေအာင္ (ဗဟိုအလုပ္အမႈေဆာင္) ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

အနည္းဆုံးအခေၾကးေငြအဆိုျပဳႏႈန္းထား ျပဌာန္းၿပီးေနာက္ပိုင္း ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ၁၀ ခုက ကန္႔ကြက္လႊာေပါင္း ၄ ေထာင္ေက်ာ္နဲ႔ ေထာက္ခံတင္ျပလႊာ ၁၁ ခု ရွိခဲ့ေပမယ့္ အဆိုျပဳႏႈန္းထား သတ္မွတ္ထားတဲ့ က်ပ္ ၄၈၀၀ အတိုင္း အတည္ျပဳ ခဲ့တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနည်းဆုံးအခကြေးငွေ ၄၈၀ဝ ကျပ်အဖြစ် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်တဲ့အပေါ် အလုပ်သမားအဖွဲ့တွေက ကန့်ကွက်ဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မတ်လ ၅ ရက်နေ့က တစ်နိုင်ငံလုံးတစ်ပြေးညီ အနည်းဆုံး အခကြေးငွေကို ၄၈၀ဝ ကျပ်အဖြစ် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အတည်ပြု သတ်မှတ်လိုက်ပါတယ်။
အဲဒီသတ်မှတ်ချက်ကို အလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အနည်းဆုံးလုပ်ခနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ကန့်ကွက်ထားပြီး မတ်လ ၁၄ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားဖို့ရှိနေပါတယ်။

Soundbite – ဦးနန္ဒာစစ်အောင် (ဒါရိုက်တာ) We Generation Network

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က အတည်ပြုသတ်မှတ်လိုက်တဲ့ ၄၈၀ဝ ကျပ်အပေါ် ကန့်ကွက်ဖို့မရှိပေမယ့် အလုပ်သမားတွေအပေါ် ပေးထားတဲ့ ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးတွေ မဖြတ်ဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။

Soundbite – ဒေါ်ခိုင်ဇာအောင် (ဗဟိုအလုပ်အမှုဆောင်) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

အနည်းဆုံးအခကြေးငွေအဆိုပြုနှုန်းထား ပြဌာန်းပြီးနောက်ပိုင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုက ကန့်ကွက်လွှာပေါင်း ၄ ထောင်ကျော်နဲ့ ထောက်ခံတင်ပြလွှာ ၁၁ ခု ရှိခဲ့ပေမယ့် အဆိုပြုနှုန်းထား သတ်မှတ်ထားတဲ့ ကျပ် ၄၈၀ဝ အတိုင်း အတည်ပြု ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)