
0
897




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘာဆန် ချား ကျွန်းပေါ်ကို ၆ လအတွင်း ဒုက္ခသည်တွေ ရွှေ့ပြောင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

လူမနေတဲ့ ဘာဆန် ချား ကျွန်းပေါ်မှာ နေအိမ်တန်းလျားတွေကို ဘင်္ဂလားဒေ့ရှ် ရေတပ်က တာဝန်ယူ တည်ဆောက်နေပြီး ၆ လအတွင်း မွတ်စလင် ဒုက္ခသည်တွေ ရွှေ့ပြောင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလား ပင်လယ်အော်ထဲမှာ တည်ရှိပြီး ရေပေါ်ကျွန်းလို့ ခေါ်ကြတဲ့ ဘာဆန် ချားကျွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကစပြီး ပေါ်ထွန်းလာတဲ့ ကျွန်းဖြစ်ပြီး မုတ်သုန်ရာသီမှာ ရေကြီးလေ့ ရှိပါတယ်။ ကျွန်းရဲ့ အကျယ်အဝန်းက ၁၆၀ဝ၀ ဧကရှိပြီး တစ်ချိန်က ပင်လယ်ဓားပြတွေ အခြေချတဲ့နေရာ ဖြစ်ပါတယ်။

ဘာဆန် ချား ကျွန်းပေါ်မှာ လူနေအိမ်တန်းလျား၊ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေ တည်ဆောက်နေပြီး မွတ်စလင် ဒုက္ခသည် ၁ သိန်းကို အဲဒီကျွန်းပေါ် ပြောင်းရွှေ့ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)