႐ိုဟင္ဂ်ာ အမည္ခံထားသူေတြကို ထိုင္းမွာ ဒုကၡသည္အျဖစ္ အသိအမွတ္ မျပဳထား

0
859

ထိုင္းအာဏာပိုင္ေတြက ႐ိုဟင္ဂ်ာလို႔ အမည္ခံထားသူ ၃၀၀ ကို ထိန္းသိမ္းေရးစခန္းမွာ ထားရွိၿပီး ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳျခင္း မရွိပါဘူး။

ရခိုင္ျပည္နယ္မွာ ပဋိပကၡေတြ မျဖစ္ခင္ကတည္းက ေလွနဲ႔ ထိုင္းႏိုင္ငံကို ဝင္ေရာက္ခဲ့သူေတြျဖစ္ၿပီး မူလက ၁ ေထာင္ခန္႔ ရွိေပမယ့္ သူတို႔က ထိန္းသိမ္းေရးစခန္းေတြကေန ခ်ိဳးေဖာက္ထြက္ေျပးၿပီး မေလးရွားဘက္ကို ထြက္ခြာသြားတဲ့အတြက္ ၃၀၀ သာ က်န္ရွိတာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ ကေမာၻဒီးယား၊ လာအိုနဲ႔ ျမန္မာက အလုပ္သားေတြ လာေရာက္ အလုပ္လုပ္ကိုင္ေနၿပီး ခန္႔မွန္းေျခ ေရႊ႕ေျပာင္းလုပ္သား ၃ ဒသမ ၈ သန္းရွိၿပီး အဲဒီထဲက ၁ ဒသမ ၈ သန္းက တရားဝင္ အလုပ္လုပ္ကိုင္သူေတြ ျဖစ္ပါတယ္။

ဒါေပမယ့္ ေလွနဲ႔ဝင္လာတဲ့ မြတ္စလင္ေတြကေတာ့ ဘယ္ႏိုင္ငံသားအျဖစ္မွ အသိအမွတ္မျပဳသလို ဒုကၡသည္အျဖစ္လည္း အသိအမွတ္ျပဳထားျခင္း မရွိဘူးလို႔ သည္ ေနးရွင္း သတင္းစာက ေရးသားထားပါတယ္။

႐ိုဟင္ဂ်ာ ဆိုတဲ့ အမည္နဲ႔ ဒုကၡသည္အျဖစ္ မွတ္ပံုတင္ထားသူ မေလးရွားႏိုင္ငံမွာ ၁ သိန္းခြဲ၊ အင္ဒိုနီးရွားမွာ ၆ ေထာင္ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုဟင်ဂျာ အမည်ခံထားသူတွေကို ထိုင်းမှာ ဒုက္ခသည်အဖြစ် အသိအမှတ် မပြုထား

ထိုင်းအာဏာပိုင်တွေက ရိုဟင်ဂျာလို့ အမည်ခံထားသူ ၃၀ဝ ကို ထိန်းသိမ်းရေးစခန်းမှာ ထားရှိပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ မဖြစ်ခင်ကတည်းက လှေနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့သူတွေဖြစ်ပြီး မူလက ၁ ထောင်ခန့် ရှိပေမယ့် သူတို့က ထိန်းသိမ်းရေးစခန်းတွေကနေ ချိုးဖောက်ထွက်ပြေးပြီး မလေးရှားဘက်ကို ထွက်ခွာသွားတဲ့အတွက် ၃၀ဝ သာ ကျန်ရှိတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာက အလုပ်သားတွေ လာရောက် အလုပ်လုပ်ကိုင်နေပြီး ခန့်မှန်းခြေ ရွှေ့ပြောင်းလုပ်သား ၃ ဒသမ ၈ သန်းရှိပြီး အဲဒီထဲက ၁ ဒသမ ၈ သန်းက တရားဝင် အလုပ်လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် လှေနဲ့ဝင်လာတဲ့ မွတ်စလင်တွေကတော့ ဘယ်နိုင်ငံသားအဖြစ်မှ အသိအမှတ်မပြုသလို ဒုက္ခသည်အဖြစ်လည်း အသိအမှတ်ပြုထားခြင်း မရှိဘူးလို့ သည် နေးရှင်း သတင်းစာက ရေးသားထားပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အမည်နဲ့ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ မလေးရှားနိုင်ငံမှာ ၁ သိန်းခွဲ၊ အင်ဒိုနီးရှားမှာ ၆ ထောင် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)