
0
869




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဥရောပ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ တွေ့ဆုံ

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဥရောပ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ စတာဗရို လမ်ဘရီနီဒစ်တို့ မနေ့က မတ်လ ၅ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။

ရခိုင်ပြည်နယ်အရေး ပူးပေါင်း ဖြေရှင်းမယ့် အခြေအနေ၊ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ကုလသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ ရခိုင်အရေး သုံးသပ်ချက် ချမှတ်ဆောင်ရွက်ခဲ့တဲ့ အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေး ဆောင်ရွက်မှု၊ အင်းဒင်ရွာ ရုပ်အလောင်းတွေ ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိ၊ မရှိ ဆောင်ရွက်မှုတွေကို ဆွေးနွေးပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့မှာ ARSA အကြမ်းဖက် အဖွဲ့က ဘင်္ဂါလီကျေးရွာတွေကို စည်းရုံးသိမ်းသွင်း ခြိမ်းခြောက်မှုကိစ္စ၊ နေရပ်ပြန်သူတွေ ပြန်လည် လက်ခံရေးတို့ကို ဆွေးနွေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)