အမ္းၿမိဳ႕နယ္မွာ ေခ်ာက္ထဲ ခရီးသည္တင္ကား ထိုးက်၊ ၅ ဦးေသၿပီး ၃၆ ဦး ဒဏ္ရာရ

0
807

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ အမ္း-မအီ ကားလမ္းမွာ ရခိုင္အားမာန္ ယာဥ္လိုင္းက မွန္လံုယာဥ္ ကုန္းအတက္မွာ ေနာက္ျပန္ ေလွ်ာက်ၿပီး ေပ ၂၀၀ အနက္ရွိ လမ္းေဘးေခ်ာက္ကို ထိုးက်လို႔ ၅ ဦး ေသဆံုးၿပီး ၃၆ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မတ္လ ၄ ရက္ေန႔ ည ၁၀နာရီခြဲမွာ ေခ်ာက္ထဲ ထိုးက်ခဲ့တဲ့ အဲဒီ မွန္လံုယာဥ္ကို ဖိုးညီေလး (၃၀ ႏွစ္) ေမာင္းႏွင္ၿပီး ခရီးသည္ ၄၁ ဦး လိုက္ပါလာပါတယ္။ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၂ ဦး ေသဆံုးၿပီး အမ်ိဳးသား ၁၉ ဦး၊ အမ်ိဳးသမီး ၁၇ ဦး ဒဏ္ရာရသြားခဲ့ပါတယ္။

ေသဆံုးသူေတြနဲ႔ ဒဏ္ရာရသူေတြကို အမ္းၿမိဳ႕နယ္ ေဆး႐ံုကို ပို႔ေဆာင္ခဲ့ၿပီး ယာဥ္ေမာင္း ဖိုးညီေလးကို အမ္းၿမိဳ႕မ ရဲစခန္းက အမႈဖြင့္ထားပါတယ္။ ယာဥ္ေမာင္း ဖိုးညီေလးကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမ်းမြို့နယ်မှာ ချောက်ထဲ ခရီးသည်တင်ကား ထိုးကျ၊ ၅ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-မအီ ကားလမ်းမှာ ရခိုင်အားမာန် ယာဉ်လိုင်းက မှန်လုံယာဉ် ကုန်းအတက်မှာ နောက်ပြန် လျှောကျပြီး ပေ ၂၀ဝ အနက်ရှိ လမ်းဘေးချောက်ကို ထိုးကျလို့ ၅ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၄ ရက်နေ့ ည ၁၀နာရီခွဲမှာ ချောက်ထဲ ထိုးကျခဲ့တဲ့ အဲဒီ မှန်လုံယာဉ်ကို ဖိုးညီလေး (၃၀ နှစ်) မောင်းနှင်ပြီး ခရီးသည် ၄၁ ဦး လိုက်ပါလာပါတယ်။ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၇ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို အမ်းမြို့နယ် ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်း ဖိုးညီလေးကို အမ်းမြို့မ ရဲစခန်းက အမှုဖွင့်ထားပါတယ်။ ယာဉ်မောင်း ဖိုးညီလေးကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)