မမွန္သတင္း ထုတ္လႊင့္ေရးသားသူေတြကို ႏုိင္ငံအခ်င္းခ်င္း ပူးေပါင္း အေျဖရွာ ေဆာင္ရြက္မယ္ (႐ုပ္/သံ)

0
841

အာဆီယံႏုိင္ငံေတြနည္းတူျဖစ္ပြားေနတဲ့ မမွန္သတင္းထုတ္လႊင့္ေရးသားသူေတြကုိ နုိင္ငံအခ်င္းခ်င္း ပူးေပါင္းအေျဖရွာေဆာင္ရြက္သြားမယ္လို႔ ျပန္ၾကားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေဖျမင့္က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ ကေပးပုိ႔ထားပါတယ္။

အာဆီယံေဒသအတြင္း နုိင္ငံအသီးသီးမွာ ျဖစ္ပြားေနတဲ့ မတူညီတဲ့ျပန္ၾကားေရးဆုိင္ရာ စိန္ေခၚမႈေတြကုိ ဖလွယ္နုိင္ဖို႔ရည္ရြယ္ၿပီး အာဆီယံေဒသတြင္း ၁၀ နုိင္ငံအစုိးရ ျပန္ၾကားေရးေတြဦးေဆာင္တဲ့ ၁၉ ႀကိမ္ေျမာက္ အာဆီယံျပန္ၾကားေရးဆပ္ေကာ္မတီအစည္းအေ၀းကုိ ဒီကေန႔ Sky Star ဟုိတယ္မွာ က်င္းပျပဳလုပ္ေနတာပါ။

Sound Bite ေဒါက္တာေဖျမင့္ (ျပည္ေထာင္စု၀န္ႀကီး)
ျပန္ၾကားေရး၀န္ႀကီးဌာန

ဆက္လက္ၿပီးေတာ့လည္း အာဆီယံနုိင္ငံခ်င္းျပန္ၾကားေရးဆုိင္ရာ သတင္းဖလွယ္ေရး လုပ္ငန္းစဥ္ေတြမွာ ပုဂၢလိက သတင္းမီဒီယာေတြရဲ႕ သတင္းေတြကုိ ထည့္သြင္းျပသနုိင္ဖို႔ႀကိဳးပမ္းသြားမွာလညး္ျဖစ္ပါတယ္ ။

Sound Bite ဦးျမင့္ေထြး (ညႊန္ၾကားေရးမွဴးခ်ဳပ္)
ျမန္မာအသံႏွင့္ရုပ္ျမင္သံၾကား

အဲဒီေဆြးေႏြးပြဲမွာေတာ့ အာဆီယံႏုိင္ငံအခ်င္းခ်င္း ျပန္ၾကားေရးဆုိင္ရာ သတင္းအခ်က္အလက္ဖလွယ္ ေရးကိစၥရပ္ေတြအျပင္ နုိင္ငံတကာက သတင္းသမားအခ်င္းခ်င္း ေတြ႔ဆုံမႈေတြျပဳလုပ္နုိင္ဖုိ႔နဲ႔ နုိင္ငံအလုိက္ ယဥ္ေက်းမႈေတြကုိဖလွယ္နုိင္ဖို႔ စတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ အာဆီယံျပန္ၾကားေရး ဆပ္ေကာ္မတီ အစည္း အေ၀းကုိႏွစ္စဥ္ တစ္နုိင္ငံအလွည့္က်စနစ္နဲ႔ က်င္းပေနတာလည္းျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံနိုင်ငံတွေနည်းတူဖြစ်ပွားနေတဲ့ မမှန်သတင်းထုတ်လွှင့်ရေးသားသူတွေကို နိုင်ငံအချင်းချင်း ပူးပေါင်းအဖြေရှာဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ် ကပေးပို့ထားပါတယ်။

အာဆီယံဒေသအတွင်း နိုင်ငံအသီးသီးမှာ ဖြစ်ပွားနေတဲ့ မတူညီတဲ့ပြန်ကြားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖလှယ်နိုင်ဖို့ရည်ရွယ်ပြီး အာဆီယံဒေသတွင်း ၁၀ နိုင်ငံအစိုးရ ပြန်ကြားရေးတွေဦးဆောင်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေးကို ဒီကနေ့ Sky Star ဟိုတယ်မှာ ကျင်းပပြုလုပ်နေတာပါ။

Sound Bite ဒေါက်တာဖေမြင့် (ပြည်ထောင်စုဝန်ကြီး)
ပြန်ကြားရေးဝန်ကြီးဌာန

ဆက်လက်ပြီးတော့လည်း အာဆီယံနိုင်ငံချင်းပြန်ကြားရေးဆိုင်ရာ သတင်းဖလှယ်ရေး လုပ်ငန်းစဉ်တွေမှာ ပုဂ္ဂလိက သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ထည့်သွင်းပြသနိုင်ဖို့ကြိုးပမ်းသွားမှာလညး်ဖြစ်ပါတယ် ။

Sound Bite ဦးမြင့်ထွေး (ညွှန်ကြားရေးမှူးချုပ်)
မြန်မာအသံနှင့်ရုပ်မြင်သံကြား

အဲဒီဆွေးနွေးပွဲမှာတော့ အာဆီယံနိုင်ငံအချင်းချင်း ပြန်ကြားရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ် ရေးကိစ္စရပ်တွေအပြင် နိုင်ငံတကာက သတင်းသမားအချင်းချင်း တွေ့ဆုံမှုတွေပြုလုပ်နိုင်ဖို့နဲ့ နိုင်ငံအလိုက် ယဉ်ကျေးမှုတွေကိုဖလှယ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ အစည်း အဝေးကိုနှစ်စဉ် တစ်နိုင်ငံအလှည့်ကျစနစ်နဲ့ ကျင်းပနေတာလည်းဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)