ရန္ကုန္ ေလဆိပ္မွာ အေကာက္ခြန္မဲ့ ေရႊထည္ပစၥည္းေတြ သိမ္းဆည္းရမိ

0
809

ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ မတ္လ ၄ ရက္ေန႔က ေဟာင္ေကာင္ကေန ရန္ကုန္ေလဆိပ္ကို လိုက္ပါလာတဲ့ ခရီးသည္စံုတြဲဆီကေန ေရႊထည္ပစၥည္းေတြ သိမ္းဆည္းရမိပါတယ္။

ေဇာ္မင္းသူ (၃၅ ႏွစ္) နဲ႔ ဇနီး မိုင္မိုင္ဝင္းခ်ိန္တို႔ရဲ႕ ခရီးေဆာင္အိတ္ေတြ X-Ray စက္ကို ျဖတ္စဥ္ မသကၤာဖြယ္ ပံုရိပ္ေတြ ေတြ႔တဲ့အတြက္ ေလဆိပ္အေကာက္ခြန္႐ံုးက ေခၚယူစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ခ်ိန္မိသားစု ရတနာဆိုင္ လုပ္ကိုင္တဲ့ သူတို႔ စံုတြဲရဲ႕ အိတ္ေတြ အတြင္းက အေမရိကန္ ေဒၚလာ ၇၁၂၉၀ တန္ဖိုးရွိ ဆြဲႀကိဳး ၉၄၁ ကံုး၊ လက္ေကာက္ ၂၂၀ ကြင္း၊ ဟန္းခ်ိန္း ၁၁၅ ခု၊ လက္စြပ္ ၁၆၃ ကြင္း၊ နားကပ္ ၁၃၇ ရံ၊ ဆြဲသီး ၁၃၇ ခုတို႔ကို ေတြ႔ရွိခဲ့ပါတယ္။ ရတနာဆိုင္မွာ ျပန္လည္ ေရာင္းခ်ဖို႔ ေဟာင္ေကာင္ ေက်ာက္မ်က္ျပပြဲကေန ဝယ္ယူလာခဲ့တာ ျဖစ္ပါတယ္။

အေကာက္ခြန္မဲ့ ပစၥည္းေတြ ျဖစ္တဲ့အတြက္ အေကာက္ခြန္႐ံုးက သိမ္းဆည္းလိုက္ၿပီး ၁၄ ရက္အတြင္း အေကာက္ခြန္ ဦးစီးဌာန၊ ကာကြယ္ေရးဌာမွာ တရားဝင္တင္သြင္းခြင့္ အေထာက္အထားနဲ႔ ထုေခ်ရွင္းလင္းႏိုင္မွ ထုတ္ယူခြင့္ ရရွိမွာ ျဖစ္ပါတယ္။ ထုေခ်ရွင္းလင္းမႈ မရွိရင္ ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းခံရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန် လေဆိပ်မှာ အကောက်ခွန်မဲ့ ရွှေထည်ပစ္စည်းတွေ သိမ်းဆည်းရမိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မတ်လ ၄ ရက်နေ့က ဟောင်ကောင်ကနေ ရန်ကုန်လေဆိပ်ကို လိုက်ပါလာတဲ့ ခရီးသည်စုံတွဲဆီကနေ ရွှေထည်ပစ္စည်းတွေ သိမ်းဆည်းရမိပါတယ်။

ဇော်မင်းသူ (၃၅ နှစ်) နဲ့ ဇနီး မိုင်မိုင်ဝင်းချိန်တို့ရဲ့ ခရီးဆောင်အိတ်တွေ X-Ray စက်ကို ဖြတ်စဉ် မသင်္ကာဖွယ် ပုံရိပ်တွေ တွေ့တဲ့အတွက် လေဆိပ်အကောက်ခွန်ရုံးက ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ချိန်မိသားစု ရတနာဆိုင် လုပ်ကိုင်တဲ့ သူတို့ စုံတွဲရဲ့ အိတ်တွေ အတွင်းက အမေရိကန် ဒေါ်လာ ၇၁၂၉၀ တန်ဖိုးရှိ ဆွဲကြိုး ၉၄၁ ကုံး၊ လက်ကောက် ၂၂၀ ကွင်း၊ ဟန်းချိန်း ၁၁၅ ခု၊ လက်စွပ် ၁၆၃ ကွင်း၊ နားကပ် ၁၃၇ ရံ၊ ဆွဲသီး ၁၃၇ ခုတို့ကို တွေ့ရှိခဲ့ပါတယ်။ ရတနာဆိုင်မှာ ပြန်လည် ရောင်းချဖို့ ဟောင်ကောင် ကျောက်မျက်ပြပွဲကနေ ဝယ်ယူလာခဲ့တာ ဖြစ်ပါတယ်။

အကောက်ခွန်မဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် အကောက်ခွန်ရုံးက သိမ်းဆည်းလိုက်ပြီး ၁၄ ရက်အတွင်း အကောက်ခွန် ဦးစီးဌာန၊ ကာကွယ်ရေးဌာမှာ တရားဝင်တင်သွင်းခွင့် အထောက်အထားနဲ့ ထုချေရှင်းလင်းနိုင်မှ ထုတ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။ ထုချေရှင်းလင်းမှု မရှိရင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)