ေျမာက္ဥကၠလာပ ေဆး႐ံုႀကီးမွာ ေမြးကင္းစကေလး ခိုးယူမႈ ျဖစ္ပြား

0
866

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပ ေဆး႐ံုႀကီးမွာ ေမြးကင္းစ ကေလးငယ္ ခိုးယူခံရမႈ မေန႔က မတ္လ ၅ ရက္ေန႔မွာ ျဖစ္ပြားခဲ့ပါတယ္။

မေခ်ာျဖဴ (ခ) ေခ်ာစုႏိုင္ (၃၅ ႏွစ္) ဟာ ေျမာက္ဥကၠလာပ ေဆး႐ံုႀကီး၊ သားဖြားမီးယပ္ေဆာင္မွာ သားတစ္ဦး ေမြးဖြားခဲ့ပါတယ္။ ေမြးကင္းစ ကေလးကို ေဆးကုသေဆာင္ သြားေရာက္ျပသဖို႔ ရွိရာမွာ အမ်ိဳးသားေတြ ဝင္ခြင့္မရွိတဲ့အတြက္ ခင္ပြန္းျဖစ္သူ ကိုအံ့ေဇာ္ (၃၆ ႏွစ္) က သားဖြားမီးယပ္ေဆာင္ေရွ႕ရွိ အမ်ိဳးသမီးတစ္ဦးကို ကေလး သြားေခၚဖို႔ အကူအညီ ေတာင္းခဲ့ပါတယ္။

ကေလးကို ေခၚယူၿပီး အဲဒီ အမ်ိဳးသမီးနဲ႔အတူ သြားေရာက္ ျပသရာမွာ ေဆးမွတ္တမ္း မပါတာ၊ ကေလးက ႏို႔ဆာၿပီး ငိုတာေတြေၾကာင့္ သားဖြားမီယပ္ေဆာင္ကို ျပန္လာခဲ့ၿပီး ကိုအံ့ေဇာ္က အေပါ့သြားခဲ့ပါတယ္။ ကိုအံ့ေဇာ္ ျပန္လာတဲ့အခါ ဇနီးျဖစ္သူက အဲဒီ အမ်ိဳးသမီးကို ေဆးစာအုပ္နဲ႔အတူ ကေလးထည့္ေပးလိုက္တယ္လို႔ ေျပာတဲ့အတြက္ လိုက္လံရွာေဖြရာမွာ ကေလး ေပ်ာက္ဆံုးေနတာ ျဖစ္ပါတယ္။ ကေလးကို ခိုးယူသြားတဲ့ အမ်ိဳးသမီးကို ေျမာက္ဥကၠလာပရဲစခန္းမွာ လူခိုးမႈနဲ႔ အမႈဖြင့္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ မွေးကင်းစကလေး ခိုးယူမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ မွေးကင်းစ ကလေးငယ် ခိုးယူခံရမှု မနေ့က မတ်လ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

မချောဖြူ (ခ) ချောစုနိုင် (၃၅ နှစ်) ဟာ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ သားဖွားမီးယပ်ဆောင်မှာ သားတစ်ဦး မွေးဖွားခဲ့ပါတယ်။ မွေးကင်းစ ကလေးကို ဆေးကုသဆောင် သွားရောက်ပြသဖို့ ရှိရာမှာ အမျိုးသားတွေ ဝင်ခွင့်မရှိတဲ့အတွက် ခင်ပွန်းဖြစ်သူ ကိုအံ့ဇော် (၃၆ နှစ်) က သားဖွားမီးယပ်ဆောင်ရှေ့ရှိ အမျိုးသမီးတစ်ဦးကို ကလေး သွားခေါ်ဖို့ အကူအညီ တောင်းခဲ့ပါတယ်။

ကလေးကို ခေါ်ယူပြီး အဲဒီ အမျိုးသမီးနဲ့အတူ သွားရောက် ပြသရာမှာ ဆေးမှတ်တမ်း မပါတာ၊ ကလေးက နို့ဆာပြီး ငိုတာတွေကြောင့် သားဖွားမီယပ်ဆောင်ကို ပြန်လာခဲ့ပြီး ကိုအံ့ဇော်က အပေါ့သွားခဲ့ပါတယ်။ ကိုအံ့ဇော် ပြန်လာတဲ့အခါ ဇနီးဖြစ်သူက အဲဒီ အမျိုးသမီးကို ဆေးစာအုပ်နဲ့အတူ ကလေးထည့်ပေးလိုက်တယ်လို့ ပြောတဲ့အတွက် လိုက်လံရှာဖွေရာမှာ ကလေး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ကလေးကို ခိုးယူသွားတဲ့ အမျိုးသမီးကို မြောက်ဥက္ကလာပရဲစခန်းမှာ လူခိုးမှုနဲ့ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)