စပါးတင္း ၁၀၀ ကို အေျခခံေစ်းအျဖစ္ က်ပ္ ၅ သိန္း သတ္မွတ္

0
901

သတ္မွတ္ခ်က္ စံခ်ိန္စံညႊန္းေတြနဲ႔ ကိုက္ညီတဲ့ ၄၆ ေပါင္ စပါး တင္း ၁၀၀ ကို အေျခခံေစ်းႏႈန္း က်ပ္ ၅ သိန္းနဲ႔ ဝယ္ယူေပးသြားမွာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

စပါးစံသတ္မွတ္ခ်က္ အေနနဲ႔ အစိုဓာတ္ ၁၄ ရာခိုင္ႏႈန္းေလာက္သာ ပါရွိရမွာျဖစ္ၿပီး အဖ်င္း၊ အေမွာ္၊ ဖုန္၊ သဲ၊ ခဲ စတာေတြ ကင္းစင္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေပၚဆန္း၊ ဧည့္မထ စတဲ့ အဆင့္ျမင့္ စပါးေတြကို အေျခခံေစ်း ၇ သိန္းကေန ၁၀ သိန္းအထိ ေစ်းေကာင္းေပး ဝယ္ယူသြားမွာ ျဖစ္ပါတယ္။

စပါးေရာင္းခ်လိုတဲ့ ေတာင္သူေတြ အေနနဲ႔ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္နဲ႔ ဆန္စပါး အသင္းအဖြဲ႔ေတြဆီကို ဆက္သြယ္ေရာင္းခ်ႏိုင္မွာ ျဖစ္ပါတယ္။ ဒီထုတ္ျပန္ေၾကညာခ်က္ကို ဒီေန႔ မတ္လ ၆ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ ျမန္မာ့ဆန္စပါးက႑ ဖြံ႕ၿဖိဳးေရး ႏွီးေႏွာဖလွယ္ ေဆြးေႏြးပြဲမွာ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စပါးတင်း ၁၀ဝ ကို အခြေခံဈေးအဖြစ် ကျပ် ၅ သိန်း သတ်မှတ်

သတ်မှတ်ချက် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ၄၆ ပေါင် စပါး တင်း ၁၀ဝ ကို အခြေခံဈေးနှုန်း ကျပ် ၅ သိန်းနဲ့ ဝယ်ယူပေးသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စပါးစံသတ်မှတ်ချက် အနေနဲ့ အစိုဓာတ် ၁၄ ရာခိုင်နှုန်းလောက်သာ ပါရှိရမှာဖြစ်ပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ စတာတွေ ကင်းစင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်ဆန်း၊ ဧည့်မထ စတဲ့ အဆင့်မြင့် စပါးတွေကို အခြေခံဈေး ၇ သိန်းကနေ ၁၀ သိန်းအထိ ဈေးကောင်းပေး ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

စပါးရောင်းချလိုတဲ့ တောင်သူတွေ အနေနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ဆန်စပါး အသင်းအဖွဲ့တွေဆီကို ဆက်သွယ်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ကို ဒီနေ့ မတ်လ ၆ ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)