ေဝဖန္မႈေတြ ရွိေပမယ့္ ၾသစေၾတးလ်က ျမန္မာတပ္မေတာ္ကို သင္တန္းေပးမယ္

0
834

သတင္းလြတ္လပ္ခြင့္အရ ထုတ္ျပန္တဲ့ စာရြက္စာတမ္းေတြအရ ၂၀၁၇-၂၀၁၈ ခုႏွစ္မွာ ျမန္မာတပ္မေတာ္ တပ္ဖြဲ႔ဝင္ေတြကို အဂၤလိပ္စာ သင္ၾကားေပးဖို႔ အပါအဝင္ ေဒၚလာ ၄ သိန္းနီးပါး သံုးစြဲဖို႔ ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီးဌာနက လ်ာထားေၾကာင္း ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္ ပဋိပကၡေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ကို ႏိုင္ငံတကာက စြပ္စြဲေျပာဆိုမႈေတြရွိေပမယ့္ ၾသစေၾတးလ်က တပ္မေတာ္ကို သင္တန္းေတြ ဆက္ေပးဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီးဌာနက ဘတ္ဂ်က္ ေဒၚလာ ၃၉၈၀၀၀ လ်ာထားၿပီး အရင္တစ္ေခါက္ကထက္ ေဒၚလာ ၁၂၆၀၀၀ ပိုမ်ားလာပါတယ္။ အဂၤလိပ္စာ သင္ၾကားေရးအျပင္ ၾသစေၾတးလ်နဲ႔ ထိုင္းတို႔ ပူးတြဲက်င္းပမယ့္ ပီရတ္ ဂ်ာဘီ႐ု စစ္ေရးေလ့က်င့္မႈမွာ ျမန္မာပါဝင္ဖို႔ ရန္ပံုေငြလည္း ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝေဖန်မှုတွေ ရှိပေမယ့် သြစတြေးလျက မြန်မာတပ်မတော်ကို သင်တန်းပေးမယ်

သတင်းလွတ်လပ်ခွင့်အရ ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေအရ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ မြန်မာတပ်မတော် တပ်ဖွဲ့ဝင်တွေကို အင်္ဂလိပ်စာ သင်ကြားပေးဖို့ အပါအဝင် ဒေါ်လာ ၄ သိန်းနီးပါး သုံးစွဲဖို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက လျာထားကြောင်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တပ်မတော်ကို နိုင်ငံတကာက စွပ်စွဲပြောဆိုမှုတွေရှိပေမယ့် သြစတြေးလျက တပ်မတော်ကို သင်တန်းတွေ ဆက်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက် ဒေါ်လာ ၃၉၈၀ဝ၀ လျာထားပြီး အရင်တစ်ခေါက်ကထက် ဒေါ်လာ ၁၂၆၀ဝ၀ ပိုများလာပါတယ်။ အင်္ဂလိပ်စာ သင်ကြားရေးအပြင် သြစတြေးလျနဲ့ ထိုင်းတို့ ပူးတွဲကျင်းပမယ့် ပီရတ် ဂျာဘီရု စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်ဖို့ ရန်ပုံငွေလည်း ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)