ျမန္မာကေလးငယ္ ၃၄ ဦး non-Thai မွတ္ပံုတင္ကတ္ ရရွိ

0
852

ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕၊ တာ့ခ္မွာ ေနထိုင္တဲ့ ျမန္မာကေလးငယ္ ၃၄ ဦးဟာ ၁၀ ႏွစ္ၾကာရင္ အသစ္ျပန္လဲႏိုင္ၿပီး လူမႈဝန္ေဆာင္မႈ အက်ိဳးတစ္ခ်ိဳ႕ ခံစားခြင့္ရွိတဲ့ non-Thai အမ်ိဳးသားမွတ္ပံုတင္ကတ္ကို မေန႔က မတ္လ ၅ ရက္ေန႔မွာ ရရွိခဲ့ပါတယ္။

ေနာက္လာမယ့္ သီတင္းပတ္မွာ ေနာက္ထပ္ ကေလးငယ္ ၂၉ ဦးကို non-Thai အမ်ိဳးသားမွတ္ပံုတင္ကတ္ ထပ္မံ ထုတ္ေပးဦးမွာ ျဖစ္ပါတယ္။ ကေလးေတြကို ဥပေဒေၾကာင္းအရ အသိအမွတ္ျပဳေပးတဲ့အတြက္ လူ႔အခြင့္အေရး ေရွ႕ေန ဆူရာေပါင္ ကြန္ဂ်န္တက္က ထိုင္းအစိုးရကို ခ်ီးက်ဴးလိုက္ပါတယ္။

ကေလးေတြဟာ အသိအမွတ္ျပဳ ကတ္ျပား မရွိတဲ့အတြက္ စာသင္ေက်ာင္းကို လာစဥ္ အဖမ္းခံရတာမ်ိဳးေတြ ရွိေၾကာင္း၊ အခု သူတို႔ ေၾကာက္ရြံ႕ထိတ္လန္႔စရာ မလိုဘဲ သြားလာႏိုင္ၿပီျဖစ္ေၾကာင္း သင္ၾကားေရးဌာန ဒါ႐ိုက္တာ အဲမက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာကလေးငယ် ၃၄ ဦး non-Thai မှတ်ပုံတင်ကတ် ရရှိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တာ့ခ်မှာ နေထိုင်တဲ့ မြန်မာကလေးငယ် ၃၄ ဦးဟာ ၁၀ နှစ်ကြာရင် အသစ်ပြန်လဲနိုင်ပြီး လူမှုဝန်ဆောင်မှု အကျိုးတစ်ချို့ ခံစားခွင့်ရှိတဲ့ non-Thai အမျိုးသားမှတ်ပုံတင်ကတ်ကို မနေ့က မတ်လ ၅ ရက်နေ့မှာ ရရှိခဲ့ပါတယ်။

နောက်လာမယ့် သီတင်းပတ်မှာ နောက်ထပ် ကလေးငယ် ၂၉ ဦးကို non-Thai အမျိုးသားမှတ်ပုံတင်ကတ် ထပ်မံ ထုတ်ပေးဦးမှာ ဖြစ်ပါတယ်။ ကလေးတွေကို ဥပဒေကြောင်းအရ အသိအမှတ်ပြုပေးတဲ့အတွက် လူ့အခွင့်အရေး ရှေ့နေ ဆူရာပေါင် ကွန်ဂျန်တက်က ထိုင်းအစိုးရကို ချီးကျူးလိုက်ပါတယ်။

ကလေးတွေဟာ အသိအမှတ်ပြု ကတ်ပြား မရှိတဲ့အတွက် စာသင်ကျောင်းကို လာစဉ် အဖမ်းခံရတာမျိုးတွေ ရှိကြောင်း၊ အခု သူတို့ ကြောက်ရွံ့ထိတ်လန့်စရာ မလိုဘဲ သွားလာနိုင်ပြီဖြစ်ကြောင်း သင်ကြားရေးဌာန ဒါရိုက်တာ အဲမက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)