ျပန္လည္ ျပဳျပင္ထားတဲ့ ပုဂံဘုရားတစ္ဆူ ၿပိဳက်မႈ ျဖစ္ပြား

0
899

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမ စိမ္းညက္ညီအစ္မဘုရား အေနာက္ေတာင္ဘက္ရွိ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ျပန္လည္ ျပဳျပင္ထားတဲ့ ဘုရားအမွတ္ ၁၀၆၆ ၿပိဳက်မႈ ျဖစ္ပြားၿပီး သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနကေတာ့ “အေလးဝန္ေၾကာင့္” ၿပိဳက်မႈ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဘုရားအမွတ္ ၁၀၆၆ ဟာ မတ္လ ၄ ရက္ေန႔ ၁၂ နာရီ ၄၅ မိနစ္မွာ ၿပိဳက်ခဲ့တာ ျဖစ္ၿပီး ၇၀ ရာခိုင္ႏႈန္း ပ်က္စီးခဲ့ပါတယ္။ ဘုရားအမွတ္ ၁၀၆၆ ဟာ လိုဏ္ခံဘုရားျဖစ္ၿပီး ၁၉၇၅ ခုႏွစ္ ငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ဖူးတဲ့အျပင္ ၂၀၁၆ ခုႏွစ္ ငလ်င္မွာလည္း နံရံေတြ ကြဲအက္မႈ ရွိခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ ေမလမွာ အေရးေပၚ ထိန္းသိမ္းေရးအေနနဲ႔ သံခါးပတ္ ပတ္တာ၊ ေရပိတ္လႊာ ေလာင္းတာေတြ လုပ္ေဆာင္ခဲ့ေပမယ့္ အေလးဝန္ေၾကာင့္ နံရံအသစ္ ၃ ဘက္ ပြင့္က်တာ ျဖစ္တယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြန်လည် ပြုပြင်ထားတဲ့ ပုဂံဘုရားတစ်ဆူ ပြိုကျမှု ဖြစ်ပွား

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စိမ်းညက်ညီအစ်မဘုရား အနောက်တောင်ဘက်ရှိ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပြန်လည် ပြုပြင်ထားတဲ့ ဘုရားအမှတ် ၁၀၆၆ ပြိုကျမှု ဖြစ်ပွားပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ “အလေးဝန်ကြောင့်” ပြိုကျမှု ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဘုရားအမှတ် ၁၀၆၆ ဟာ မတ်လ ၄ ရက်နေ့ ၁၂ နာရီ ၄၅ မိနစ်မှာ ပြိုကျခဲ့တာ ဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပျက်စီးခဲ့ပါတယ်။ ဘုရားအမှတ် ၁၀၆၆ ဟာ လိုဏ်ခံဘုရားဖြစ်ပြီး ၁၉၇၅ ခုနှစ် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ဖူးတဲ့အပြင် ၂၀၁၆ ခုနှစ် ငလျင်မှာလည်း နံရံတွေ ကွဲအက်မှု ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မေလမှာ အရေးပေါ် ထိန်းသိမ်းရေးအနေနဲ့ သံခါးပတ် ပတ်တာ၊ ရေပိတ်လွှာ လောင်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် အလေးဝန်ကြောင့် နံရံအသစ် ၃ ဘက် ပွင့်ကျတာ ဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)