
0
930




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘက်ဟိုး တင်လာတဲ့ ကားကြောင့် ကိုယ့်အားကိုယ်ကိုးတံတား ကျိုးကျ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ သရက်ကုန်းကူးဆိပ် သံပေါင်တံတားပေါ်ကို မတ်လ ၄ ရက်နေ့က ဘက်ဟိုး မြေတူးစက် တင်လာတဲ့ ၁၀ ဘီးကားဖြတ်သန်းတဲ့အတွက် တံတားကျိုးကျခဲ့ပါတယ်။

ဦးတင်ဝင်း (၅၁ နှစ်) မောင်းနှင်တဲ့ ၁၀ ဘီးယာဉ်ဟာ CAT အမျိုးအစား ၅ တန် အလေးချိန်ရှိ ဘက်ဟိုးတစ်စီးကို တင်ဆောင်လာတာဖြစ်ပြီး တံတားကျိုးကာ တံတားအောက် ချောင်းကြီးချောင်းထဲ ပြုတ်ကျခဲ့ပေမယ့် လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာ ရမှု မရှိပါဘူး။

တံတားကို အနောက်ကုန်းရွာက ဦးဝင်ရွှေမှ ကျပ် သိန်း ၁၀ဝ မတည်ပြီး အလှူရှင်တွေနဲ့ စုပေါင်း ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တံတားပျက်စီးတဲ့အတွက် ယာဉ်မောင်းအဖွဲ့က နစ်နာကြေား ငွေကျပ် ၄၅ သိန်း ပေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)