
0
879



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနုသုခုမဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ

အနုသုခုမဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ မနေ့ မတ်လ ၅ ရက်နေ့က ကျင်းပပါတယ်။

အနုသုခုမဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲမှာ သဘာပတိတွေအဖြစ် စာရေးဆရာ မနုဿ ကျော်ဝင်း၊ ဒေါက်တာ ရဲဒွေးတို့က ဆောင်ရွက်ကြပြီး ဒေါ်မမနိုင် (မြန်မာ့ရုပ်သေး) က “မြန်မာ့ရုပ်သေး အနုပညာ မြန်မာ့ရုပ်သေး ရေစီးကြောင်း”၊ စာရေးဆရာ သန်လျင် မောင်ဝင်းဝါက “အမျိုးသားပြဇာတ် စာပေ”၊ ရွှေကူနန်းနွဲ့နွဲ့က “မြန်မာသံစဉ် ခုနစ်ပါးနှင့် မဟာဂီတ ကောက်နုတ်ချက်များ” စာတမ်းတို့ကို ဖတ်ကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)