
0
913




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၀ ဦးနဲ့အထက် လုပ်ငန်းတွေ တစ်ရက် အလုပ်သမား လုပ်ခ ၄၈၀ဝ ကျပ် သတ်မှတ်

အလုပ်သမား ၁၀ ဦးနဲ့ အထက်ရှိတဲ့ လုပ်ငန်းတွေအတွက် တစ်နာရီ လုပ်ခ ၆၀ဝ ကျပ်နဲ့ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် လုပ်ခ ၄၈၀ဝ ကျပ် သတ်မှတ်လိုက်ပါတယ်။

မနေ့က မတ်လ ၅ ရက် နေပြည်တော်မှာ ကျင်းပတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ကျင်းပတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကနေ အခုလို သတ်မှတ်လိုက်တာ ဖြစ်ပြီး သတ်မှတ်ချက်ကို အစိုးရအဖွဲ့ရုံးသို့ ဆက်လက် တင်ပြမှာ ဖြစ်ပါတယ်။

အဆိုပြု အနည်းဆုံး အခကြေးငွေအပေါ် ကန့်ကွက်လိုပါက အများပြည်သူ သိရှိစေဖို့ ထုတ်ပြန်ကြေညာချက် ရက်ပေါင်း ၆၀ ပြည့်ပြီ ဖြစ်တဲ့အတွက် ဥပဒေအရ လေ့လာစိစစ်ပြီး အနည်းဆုံး အခကြေးငွေ နှုန်းထားတစ်ရပ် သတ်မှတ်နိုင်ရေး အစည်းအဝေးကျင်းပကာ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)