နယ္နိမိတ္မ်ဥ္းေၾကာင္းကေန ျမန္မာလံုၿခံဳေရး တပ္ေတြ ဆုတ္ခြာ

0
891

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ အရာရွိေတြ မတ္လ ၃ ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ နယ္ျခား နယ္နိမိတ္မ်ဥ္းအနီးကေန ျမန္မာလံုၿခံဳေရး တပ္ေတြကို ဆုတ္ခြာေပးလိုက္ပါတယ္။

ေဆြးေႏြးပြဲကို ဘဂၤလားေဒ့ရွ္ရွိ ေဂါင္းဒံုမွာ က်င္းပခဲ့တာျဖစ္ၿပီး လံုၿခံဳေရးတပ္ဖြဲ႔ေတြ တိုးခ်ထားတာဟာ ျပည္တြင္းလံုၿခံဳေရးေၾကာင့္ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ ပစ္မွတ္ထားတာ မဟုတ္ဘူးလို႔ ျမန္မာဘက္က ေျပာပါတယ္။ လံုၿခံဳေရးတပ္ဖြဲ႔ေတြ တိုးျမွင့္ခ်ထားစဥ္က ဒါကာၿမိဳ႕မွာ ျမန္မာသံအမတ္ကို ဘဂၤလားေဒ့ရွ္ အစိုးရက ဆင့္ေခၚၿပီး ကန္႔ကြက္ခဲ့ပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်နိမိတ်မျဉ်းကြောင်းကနေ မြန်မာလုံခြုံရေး တပ်တွေ ဆုတ်ခွာ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အရာရှိတွေ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် နယ်ခြား နယ်နိမိတ်မျဉ်းအနီးကနေ မြန်မာလုံခြုံရေး တပ်တွေကို ဆုတ်ခွာပေးလိုက်ပါတယ်။

ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်ရှိ ဂေါင်းဒုံမှာ ကျင်းပခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ တိုးချထားတာဟာ ပြည်တွင်းလုံခြုံရေးကြောင့်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ မြန်မာဘက်က ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားစဉ်က ဒါကာမြို့မှာ မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)