
0
865




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာ ကုန်တင်ကားနဲ့ တိုက်မိလို့ မြန်မာ ၃ ဦး သေဆုံး

အသက် ၆ နှစ်အရွယ် မိန်းကလေး အပါအဝင် ဆိုင်ကယ်စီးလာတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးက တိုက်မိပြီး သေဆုံးသွားပါတယ်။

ထိုင်းနိုင်ငံ၊ ဖနွမ် သူအန်မှာ မတ်လ ၃ ရက်နေ့ညက တိုက်မိတာဖြစ်ပြီး ကုန်တင်ယာဉ်က တိုက်ပြီးနောက် ထွက်ပြေးသွားတယ်လို့ ရဲက ပြောပါတယ်။ ဒွန် ချေဒီ ကရန်သောင်ရွာအနီးက လမ်းမပေါ်မှာ ည ၇ နာရီကျော်လောက်က တိုက်မိတာ ဖြစ်တယ်လို့ ရဲမှူး နာသာပတ် သွမ်ဆက်က ပြောပါတယ်။

သေဆုံးသွားသူတွေက ကျော်ဆု (၃၀ နှစ်)၊ ပိုင်ပိုင် (၂၅ နှစ်) နဲ့ ၆ နှစ်အရွယ် မိန်းကလေး ကာမွန်ပွန်းတို့ ဖြစ်တယ်လို့ ရဲက သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေကို ချာအိုခွန်း ဖိုင်ဘွန် ဆေးရုံကို ပို့ထားပြီး ဆွေမျိုးတွေကို အကြောင်းကြားဖို့ လုပ်နေပါတယ်။ တိုက်သွားတဲ့ ယာဉ်နဲ့ ယာဉ်မောင်းကိုလည်း ထိုင်းရဲက ရှာဖွေစုံစမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)