တိုက်ပွဲတွေကို မလိုလားဘဲ ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိလိုဟု ကာကွယ်ရေး ဦးစီးချုပ်ဆို

0
282

တိုက်ပွဲတွေကို မလိုလားဘဲ ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိလိုတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ကာကွယ်ရေး ဦးစီးချုပ်က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ H.E. Mr. Tran Dai Quang နဲ့ ဒေသစံတော်ချိန် ညနေ ၄ နာရီက တွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခဒဏ်ကို ခံစားခဲ့ရတာကြောင့် တိုက်ပွဲတွေကို မလိုလားဘဲ ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိလိုတယ်လို့ ပြောကြားထားတာပါ။

ဒါအပြင် မြန်မာတပ်မတော်အနေနဲ့ ၂၀၁၁ ခုနှစ်ကစတင်ပြီး နိုင်ငံတော်ရဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာကို ခိုင်ခိုင်မာမာနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်စေဖို့ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)