ဖုန်ကြားရှင်နဲ့ MNDAA အဖွဲ့ လက်နက်ကိုင် တိုက်ခိုက်မှု စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းကိုလာဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်

0
272

ဖုန်ကြားရှင်ဦးဆောင်တဲ့   မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းကိုလာဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။

သျှမ်းသံတော်ဆင့်

မတ်လ (၆) ရက်နေ့ မနက်ပိုင်းက MNDAA အဖွဲ့ရဲ့ လောက်ကိုင်မြို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့တဲ့အပေါ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ဥက္ကဋ္ဌအနေနဲပ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုဖိတ်ခေါ်လိုက်တာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကနေ မတ်လ (၆) ရက်နေ့ရက်စွဲနဲ့ ကြေညာချက်အမှတ်၊ ၁/၂၀၁၇ နဲ့ ထုတ်ပြန်တဲ့ “ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသအတွင်း တိုက်ခိုက်မှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်” မှာ ဖိတ်ခေါ်လိုက်တဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီကြေညာချက်ထဲမှာတော့ လက်နက်ကိုင် ပဋိပက္ခများကြောင့်တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဒေသရှိ ဌာနေမျိုးနွယ်စုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများကို တိုက်ရိုက် ဆိုးကျိုး သက်ရောက်စေကာ ဒုက္ခပင်လယ် ဝေစေတယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ (၁၀) ဦးကျော်နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူတွေလည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)