ပြည်ထောင်စု သီးသန့် ရန်ပုံငွေကနေ တပ်မတော် ကျပ်ငွေ သန်းပေါင်း ၃၀၀ ကျော် တောင်းခံ

0
316

ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သီးသန့် ရန်ပုံငွေကနေ တပ်မတော်က ကျပ်ငွေ သန်းပေါင်း ၃၀၀ ကျော်ကို တောင်းခံလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်က မတ်လ (၆) ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးမှာ အဲ့ဒီလို တောင်းခံလိုက်တာပါ။

နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ ကြိုတင် မမျှော်မှန်းနိုင်တဲ့ သဘာဝဘေး အန္တရာယ်များ အတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေဖြစ်တဲ့ ငွေကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ကို ခွဲဝေသုံးစွဲခဲ့တဲ့ ကိစ္စကို ဆွေးနွေးစဉ် အဲ့ဒီလို တောင်းဆိုလိုက်တာပါ။

ဒီလိုတောင်းဆိုရာမှာတော့ ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် တပ်ရင်းတပ်ဖွဲ့ ၁၁၂ တပ်က အဆောက်အဦ ၅၇၁ လုံးအပါအ၀င် ဆက်စပ်လုပ်ငန်း ၂၄ ခု စုစုပေါင်း ၅၉၅ ခုပျက်စီးတာတွေ ပြုပြင်ဖို့ တောင်းဆိုထားတာပါ။

ဒီပျက်ဆီးမှုတွေကို  စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးနဲ့ စစ်ထောက်ချုပ်ရုံးတွေက အသေးစိတ် စိစစ်တွက်ချက်တင်ပြခဲ့ပေမယ့် တပ်မတော်မှာ ဘဏ္ဍာငွေလျာထားချက် မရှိတာကြောင့် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေကနေ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခွဲဝေသုံးစွဲနိုင်ရေး ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ဖို့ ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)