လောက်ကိုင်မြို့ တိုက်ခိုက်ခံရမှု အရပ်သားများ အပါအဝင် ၁၀ ဦး သေဆုံး

0
306

လောက်ကိုင်မြို့ကို ကိုးကန့် MNDAA လက်နက်ကိုင်အဖွဲ့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ပြည်သူ ဆယ်ဦးထက်မနည်း သေဆုံးပြီး ရဲလေးဦးကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

MNDAA လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်ချိန်အထိ အ.မ.က (လောင်အဲချီ) က မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ အများအပြား ရှိနေပါတယ်။

အခုလို တိုက်ခိုက်တဲ့နေရာမှာ MNDAA လက်နက်ကိုင် အဖွဲ့နဲ့အတူ တခြား ပူးပေါင်းအဖွဲ့တွေ ပါရှိဖွယ်ရာ ရှိကြောင်း၊ တပ်မတော်ဘက်က ထိခိုက်ဆုံးရှုံးမှုမရှိဘဲ ရန်သူ့ထံက မီးရှို့ထားတဲ့ အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားပါတယ်။

နောက်ဆုံး သတင်းရရှိချိန်အထိ ကိုးကန့် ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူ ငါးဦးသေဆုံးကြောင်းနဲ့ ကိုးကန့် ယာဉ်ထိန်းရဲ လေးဦးအား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ လက်ရှိ အချိန်မှာတော့ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)