နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ADB ဒု ဥက္ကဋ္ဌ တို့ တွေ့ဆုံ

0
257

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) က အကူအညီပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ADB ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ Mr. Stephen Groff နဲ့ အဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရစဉ် အဲဒီလို ထည့်သွင်းဆွေးနွေးခဲ့တာပါ။

ဒါ့အပြင် အဲဒီတွေ့ဆုံဆွေးနွေးမှု အတွင်းမှာပဲ Bank-ADB က ပံ့ပိုးဆောင်ရွက်ပေးနေတဲ့ ပို့ဆောင်ရေး၊ လမ်းတံတား ဆောက်လုပ်ရေး၊ ဆက်သွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေက စီမံကိန်းတွေ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးကိစ္စရပ်တွေအပါဝင် မြန်မာနိုင်ငံမှာ Public-Private-Partnership (PPP) ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ့် အနေအထားတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)