မြန်မာအမျိုးသမီးတွေ ခင်ပွန်းသည်တွေကို စောင့်ရှောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ တိုက်တွန်း

0
286

မြန်မာအမျိုးသမီးတွေ ခင်ပွန်းသည်တွေကို စောင့်ရှောက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မတ်လ (၆) ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ Kempinski Hotel မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ
(Business Talk) အခမ်းအနား အဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို တိုက်တွန်းပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှတော့ မျိုးသားတွေအတွက် အမျိုးသမီးတွေက တာဝန်ယူရမှာဖြစ်တာကြောင့် ခင်ပွန်းသည်တွေနဲ့ အတူ သားတွေ၊ တူတွေကိုလည်း စောင့်ရှောက်တဲ့အပြင် သွန်သင်ဆုံးမစရာရှိရင်လည်း သွန်သင်ဆုံးမ ကြပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)