ပညာရေးနဲ့ ဘာသာရေး မရောထွေးဖို့ ကြံ့ခိုင်ရေး ပါတီ ပြော

0
270

အခြေခံပညာ စတုတ္ထတန်း ပြည်သူ့နီတိစာမှာ အစ္စလာမ်ဘာသာအကြောင်း ဖော်ပြရင် တုံ့ပြန်သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးဖွံ့ဖြိုးရေး ပါတီက ပြောကြားလိုက်ပါတယ်။

မတ်လ ၆ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက တရားဝင် လူမှု ကွန်ရက် စာမျက်နှာကနေ တဆင့် အဲ့ဒီလို ပြောကြားလိုက်တာပါ။ ဒီလို ပြောကြားရာမှာတော့ ဘာသာရေး အကဲဆတ်လွန်းနေတဲ့ အခုလို အခြေအနေမျိုးမှာ အဲ့ဒီ သင်ရိုးညွှန်းတမ်းကို လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းနဲ့ ဒီလို ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းသင်ကြားပေးပါက အခြေအနေကို ပိုမို ရှုပ်ထွေးစေနိုင်တာကြောင့် ပညာရေးနဲ့ ဘာသာရေးကို ရောထွေး မဆောင်ရွက်သင့်ဘူးလို့လည်း ပြောကြားထားတာပါ။

ဒါကြောင့် ပညာရေး ၀န်ကြီးဌာနအနေနဲ့ ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်း ဆောင်ရွက်နေတဲ့ အခြေအနေကို ရှင်းလင်းစွာ အသိပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)