ရဲတပ်ဖွဲ့ဝင်တွေ ဉာဏ်အမြော် အမြင်ရှိကြဖို့ ရဲချုပ်ပြော

0
271

ရဲတပ်ဖွဲ့ဝင်တွေ ဉာဏ်အမြော် အမြင်ရှိကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ပြောကြားလိုက်ပါ တယ်။

မတ်လ ၃ ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှာပြုလုပ်တဲ့ ဒုတိယ ရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားအဖွင့် မိန့်ခွန်းမှာ ရဲချုပ် ဇော်ဝင်းက အဲ့ဒီလိုပြောကြားလိုက်တာပါ။

Reuters

ဒီလိုပြောကြား ရာမှာတော့ ရဲချုပ်က ရဲလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ဥပဒေနဲ့ အညီ ဖြစ်ရုံသာမက ဉာဏ်အမြော် အမြင်လည်း ရှိကြရမည်ဖြစ် ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်ကို ဖော်ဆောင်ကြဖို့ကိုလည်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် ရှောင်လွှဲမရနိုင်တဲ့ အခြေအနေမျိုးတွေမှာ အင်အားကို အသုံးပြုပြီး ဆောင်ရွက် ကြရာမှာလည်း အချိုးအစားညီမျှမှု (Proportionality)၊ ဥပဒေနဲ့ ညီညွတ်မှု (Legitimacy)၊ တာဝန်ခံမှု (Accountability)၊ လိုအပ်ချက်ရှိမှု (Necessity) စတဲ့ နိုင်ငံတကာစံနှုန်းတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း မှာကြားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)