တရုတ်နိုင်ငံသားနဲ့ လက်ထပ်ပြီး တရားမဝင် နေထိုင်သူ မြန်မာ အမျိုးသမီး ၃ သောင်းခန့် ရှိ

0
272

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်နိုင်ငံသားနဲ့ လက်ထပ်ပြီး တရားမဝင် နေထိုင်သူ မြန်မာ အမျိုးသမီး ၃ သောင်းခန့် ရှိနေပါတယ်။

နယ်စပ်တလျှောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်လို့ ဥပဒေနဲ့ မူဝါဒ အားနည်းချက်တွေ ရှိနေလို့ ဒီလိုဖြစ်ရတာလို့ ဥပဒေအရာရှိတွေကို ကိုးကားပြီး ဂလိုဘယ်တိုင်းမ်က ဖော်ပြထားပါတယ်။

ဥပဒေအရာရှိတွေရဲ့ စစ်တမ်းကောက်ယူမှု အရ ယူနန်ပြည်နယ်၊ ဒေဟွန်းနဲ့ ကျန်ပို ဒေသတွေမှာ တရုတ်နိုင်ငံသားနဲ့ လက်ထပ်ပြီး အထောက်အထားမရှိဘဲ နေထိုင်သူ မြန်မာအမျိုးသမီး ၂ သောင်းကနေ ၃ သောင်းကြားမှာ ရှိနေတယ်လို့ ဒေဟွန်း ပြည်သူ့ကွန်ဂရက်ကော်မတီက ညွှန်ကြားရေးမှူး ယူမေအူးက ဆိုပါတယ်။

သူတို့ ဆင်းရဲနွမ်းပါးနေတာကို ဒေသဆိုင်ရာ အစိုးရက ကူညီချင်ပေမယ့် သူတို့မှာ မှတ်ပုံတင် ဒါမှမဟုတ် အထောက်အထားတွေ မရှိတာကြောင့် ကူညီဖို့ အခက်တွေ့နေတယ်လို့လည်း ယူမေအူးက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိပ်စပ်နေတဲ့ ယူနန်အပြင်၊ ဝင်ရှန်၊ ပူအာနဲ့ စစ်ဆောင်ပနားတို့မှာလည်း အလားတူ ပြဿနာတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)