ပြည်သူလူထုကို အထင်ကြီးတဲ့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရနေရာတွေ ထပ်ပေါ် လာမယ်လို့ ကြံ့/ဖွံ့ ပြော

0
298

ပြည်သူလူထုကို အထင်ကြီးတဲ့အတွက် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရနေရာတွေ ထပ်ပေါ် လာမယ်လို့ ကြံ့ခိုင်ရေးပါတီက
ပြောကြားလိုက်ပါတယ်။

မတ်လ ၅ ရက်၊ ညနေပိုင်းက နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့တဲ့ နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန်ရဲ့ ဂါရ၀ပြုပွဲပြောကြားတဲ့ နှုတ်ဆက်အမှာစကားမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်တာပါ။

ဒါ့အပြင် ဦးသန်းဌေးက ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီမိုကရေစီအကြောင်းကို အများအပြား ပြောကြားနေပေမယ့် အမျိုးသားရေး မေ့နေကြတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)