အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အစိုးရထက်ပိုပြီး သြဇာရှိချင်နေကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား

0
560

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အစိုးရထက်ပိုပြီး သြဇာရှိချင်နေကြတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ (၆) ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ Kempinski Hotel မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ (Business Talk) အခမ်းအနား အဖွင့် မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားတဲ့နေရာမှာတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွင့်အရေးတွေချည်းပဲ တောင်းဆိုနေ ကြတာမျိုးထက် တာဝန်ယူမှုတွေကိုပါ ဆောင်ရွက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးတွေကိုပဲ တောင်းဆိုပြီး တာဝန်ယူမှုတွေအားလုံးကို အစိုးရက တာဝန်ယူဖို့ ပြောကြားနေတာတွေဟာလည်း ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြား လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)